ရေမျော မြန်မာနှစ်ဦးကို နိုင်ငံပြန်ပို့ရန် ဩစတြေးလျား ပြင်ဆင်

မြန်မာ နိုင်ငံသားနှစ်ဦးအား ဇန်နဝါရီလ (၁၇)ရက်နေ့က ပင်လယ်ရေပိုင်နက် အတွင်း ရေခဲပုံးတခုနှင့် မျောပါနေသည်ကို တွေ့ရှိ၍ ကယ်တင်နိုင်ခဲ့ကာ ဩစတြေးလျ အာဏာပိုင်များက ထိုမြန်မာ နှစ်ဦးလုံးဖြစ်စေ၊ အနည်းဆုံး တဦးဖြစ်စေ မြန်မာနိုင်ငံသို့

ရက်အနည်းငယ် အတွင်း ပြန်ရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရက်ပေါင်း (၂၅)ရက်ကြာ ပင်လယ်ထဲ မျောပါနေပြီး ငှက်အံဖတ်များ၊ ငါးသေးလေးများကို စားပြီး မိုးရေကို သောက်သုံးကာ အသက်ဆက်နေခဲ့ကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်။ ထိုမြန်မာ ခိုးလှေသင်္ဘောသား နှစ်ဦးတို့ကို ယခုအခါတွင် ဩစတြေးလျ မြောက်ပိုင်း ဒါ၀င်မြို့သို့ ပို့ထားလိုက်ပြီး ဩစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနက ထိုမြန်မာနှစ်ဦးလုံးကို ဇာတိမြေသို့ ပြန်ပို့ပေးရန် အစီအစဉ်ရှိကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့သည် ထိုင်းငါးဖမ်း သင်္ဘောတစင်း နစ်မြုပ်ရာမှ အသက်ရှင် ကျန်ခဲ့သူများဟု ပြောဆိုခဲ့သည်။

ထိုမြန်မာ နှစ်ဦးလုံးသည် နိုင်ငံပြန်ရောက်ရန် စိတ်အား ထက်သန်နေကြောင်း၊ မကြာမီ အချိန်အတွင်း ၎င်းတို့နှစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနက သတင်း ထုတ်ပြန်သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here