မြန်မာနှင့်ထိုင်း အစိုးရများဒါဏ် ရိုဟင်ဂျာများ အကြီးအကျယ်ခံ

အင်ဒိုနီးရှား အာဏာပိုင်များက ဖမ်းဆီးထားသည့် ရိုဟင်ဂျာ မူဆလင် အဖွဲ့များ အတွင်းမှ တဦးက ၎င်းသည် မြန်မာနိုင်ငံအတွင်း ရှိနေခဲ့စဉ်က မြန်မာစစ်တပ်များ၏ အတင်းအကြပ် အဓ္ဓမခိုင်းစေမှုနှင့် ကြံုတွေ့ခဲ့ရကြောင်း ပြောကြားသွားသည်။

နာမိုဟာမက်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ တဆင့် အင်ဒိုနီးရှား နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာသည့် ရိုဟင်ဂျာအဖွဲ့များ မှ အစ္စလမ် ဘာသာဝင်တဦး ဖြစ်ပြီး ၎င်းအား အခြားသူများနှင့် အတူ အင်ဒိုနီးရှား အစိုးရက တရားမဝင် ခိုးဝင်လာမှုနှင့် ဖမ်းဆီး ထိန်းသိမ်းထားသည်။

အသက်(၃၇)နှစ်ရှိ မိုဟာမက်က ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သေးပြီး ထိုင်းအာဏာပိုင်များက ၎င်းတို့၏ လှေများကို ပင်လယ်အတွင်း အတင်းပြန်လွှတ်ခဲ့ပြီး ၎င်းတို့ကိုလည်း ရိုက်နှက်ခဲ့ကြကြောင်း၊ ထို့နောက်တွင်မူ အင်ဒိုနီးရှား ကမ်းလွန်တွင် လှေမှာနစ်လုနီးပါး ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ ကုန်းမြေသို့ ရောက်ရှိလာခဲ့ကြောင်း ၀န်ခံခဲ့သည်။ လက်ရှိအချိန်တွင် စိတ်ဖိစီးမှုနှင့် ကိုယ်တွင်းသွေးယိုသော ဝေဒနာများ ခံစားနေရသည့် မိုဟာမက်က ၎င်းသည် မြန်မာနိုင်ငံအတွင်း ရောက်ရှိသွားပြီးနောက် စစ်တပ်က ဖမ်းဆီး ချွေးတပ်ဆွဲခြင်းနှင့် ကြံုခဲ့ရသေးကြောင်း၊ ၎င်းတို့အား မြန်မာစစ်တပ်က နှိမ်ထားခဲ့သလို နိုင်ငံသား ခံယူမှုပေးရန် ငြင်းဆန်ခဲ့ကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဆေးရုံတခုအတွင်း ကုသမှု ခံနေရသည့် မိုဟာမက်က မြန်မာစစ်တပ်၏ ညှဉ်းပန်းမှုကြောင့် အလွန်ပင်ပန်းခဲ့ပြီး နောက်ပိုင်းတွင်မူ ၎င်းအား လွှတ်ပေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံသို့ စွန့်စားထွက်ခွာ လာခဲ့သော်လည်း ထိုင်းအစိ်ုးရက ပိုမို ရက်စက်ခဲ့ကြောင်း သတင်းထောက်များထံ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here