ဆွီဒင်တွင် လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်ကို လျှော့ချမည်

ဆွီဒင်အစိုးရသည် နိုင်ငံကာကွယ်ရေး ပေါ်လစီသစ်အရ နိုင်ငံ၏ စစ်တပ်အင်အားကို လျှော့ချသွားရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်နက်ကိုင် အဖွဲ့အစည်း အရေအတွက်ကို (၃)ပုံ(၁)ပုံထိ လျှော့သွားမည်ဖြစ်ကြောင်း၊

တင့်ကားအရေအတွက်ကို ထက်ဝက်ထိ လျှော့ချသွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ကြေငြာခဲ့သည်။ နောက်ထပ်(၄)နှစ်အတွင်း စစ်အင်အားကို တဖြည်းဖြည်း လျှော့ချရန် အစိုးရက ရည်ရွယ်ထားကြောင်း ဆွီဒင်နိုင်ငံ စစ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ စစ်ဦးစီးချုပ် ဟာကန်ဆိုင်ရန်က စစ်အသုံးစရိတ်များ မြင့်တက်လာမှုကို ကာမိစေရန် ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ စစ်တပ်နှင့်အတူ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း အင်အားလျှော့ချမှုများ ပြုလုပ်မည်ဟု အစိုးရက ကြေငြာသည်။

မြေပြင်တိုက်ခိုက်ရေး အဖွဲ့များ၏ အရေအတွက်မှာ အများဆုံးလျှော့ချရန် စီစဉ်ထားသည့် အစိတ်အပိုင်းအဖြစ် တပ်ဖွဲ့ဝင်အင်အားကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချသွားမည်ဖြစ်ပြီး ဆွီဒင် စစ်သည် ဦးရေ (၂၀၀၀၀)ကို (၁၂၅၀၀)ထိသာ ထားရှိတော့ရန် စီစဉ် ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here