ယူရိုငွေက ဆွီဒင်အပေါ် အကျိုးပြု

လက်ရှိဖြစ်ပေါ်နေသော ကမာ္ဘ့ငွေကြေး အရှုပ်အထွေးများသည် ဥရောပယူနီယံက သတ်မှတ်ထားသည့် ယူရိုငွေကြေးအတွက် ကောင်းကျိုးများ ဖြစ်ပေါ်စေကြောင်း သိရသည်။

ဆွီဒင်ကဲ့သို့သော နိုင်ငံများသည် ယူရိုငွေကို ပိုမိုသုံးစွဲလာကြပြီး ဆွီဒင်နိုင်ငံရှိ ကုန်သွယ်မှုဆိုင်ရာ လေ့လာရေးဗဟိုဌာနက ဆွီဒင်သည် ယူရိုငွေကြေးကို လက်ခံကျင့်သုံးမှုကြောင့် ပိုမိုအကျိုးရှိလာနေကြောင်း ကြေငြာခဲ့သည်။ ဥရောပယူနီယံကို ၀င်ရောက်ခဲ့ပြီး ယူရိုငွေက်ို လက်ခံသုံးစွဲမှု မပြုခဲ့လျင် လက်ရှိစီးပွားပျက်ကပ်၏ ဆိုးကျိုးများကို ဆွီဒင်အနေနှင့် ယခုထက်ပြင်းထန်စွာ ခံစားရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယူရိုငွေကြေးကြောင့် ကုန်စည်စီးဆင်းရောင်းဝယ်မှု ပိုမိုမြန်ဆန်စေသလို ဆွီဒင်၏ စီးပွားရေး လုပ်ငန်းများတွင် တိုးတက်မှုများစွာ ဖြစ်ထွန်းလာခဲ့ကြောင်း ပရော်ဖက်ဆာ ဟယ်ရီဖမ်လ် ကဆိုသည်။

SEB ဘဏ်မှ ကောက်ယူသော စစ်တမ်းအရ ယူရိုငွေကြေးကို ဆွီဒင်ပြည်သူ (၆၇)ရာခိုင်နှုန်းက သဘောကျထောက်ခံပြီး (၂၁) ရာခိုင်နှုန်းကမူ ဆန့်ကျင်နေဆဲဖြစ်သည်။ (၁၂) ရာခိုင်နှုန်းကမူ ယူရိုငွေကို သုံးစွဲခြင်းဖြင့် နိုင်ငံစီးပွားရေး ပိုမိုကောင်းမွန်လာနိုင်မည်လားဆိုသည်ကို အသေအချာ မသိကြောင်း ဖြေဆိုခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here