Offline ဖြစ်နေချိန်တွင်လည်း Gmail အသုံးပြုနိုင်ရန် Google ကြံစည်

Gmail ကို အင်တာနက်မရှိဘဲ Offline အသုံးပြုနိုင်ရန် Google က စတင် စီစဉ်နေပြီဟု သိရသည်။ အင်တာနက် ကွန်ယက်ချိတ်ဆက်မှု မရှိဘဲ Mail စစ်မှုများ ပြုလုပ်နိုင်ရန် အမေရိကန်ရှိ User များအတွက် စတင် စမ်းသပ်သွားမည်ဟု Google က ဆိုသည်။

Gmail ၏ အင်ဂျင်နီယာဖြစ်သော အန်ဒီပါလင်း၏ Blog တွင် အဆိုပါ စမ်းသပ်မှုကို စတင်နေပြီဟု တရားဝင် ဖော်ပြခဲ့ပြီး အင်တာနက် ချိတ်ဆက်ထားမှု မရှိချိန်တွင်ပါ Mail စစ်နိုင်ရန် ရည်ရွယ် ကြံဆောင်နေသည်ဟု ရေးသားထားသည်။ ထိုစနစ်၏ အသေးစိတ် အခြေအနေကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။ Gmail အသုံးပြုသူများသည် အင်တာနက် Connection ပြတ်တောက်နေချိန်တွင် လုံးဝ Gmail မသုံးနိုင်သည့် အဖြစ်မျိုးကို ရှောင်ရှားနိုင်ရန် ယခုကဲ့သို့ စီစဉ်လာခြင်း ဖြစ်သည်။

Gmail အား နာမည်ကျော် Thunderbird၊ Apple Mail နှင့် Microsoft Outlook Express တို့ကဲ့သို့ Connection ပြတ်တောက် နေချိန်များတွင်ပါ Mail စစ်နိုင်ရန် ပြုလုပ်ပေးမည် ဖြစ်ပြီး ပေးပို့ထားသည့် Mail များကိုလည်း Connection ပြန်ရလာချိန်တွင် အလိုအလျောက် ပေးပို့ ပေးသွားနိုင်မည့် စနစ်မျိုး အကောင်အထည် ဖော်လာမည်ဖြစ်ကြောင်း Google က အတည်ပြု ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here