Fair Playအဆင့် သတ်မှတ်ချက်အရ စကန်ဒီနေးဗီးယန်းတို့ ထိပ်ဆုံးနားတွင် တန်းစီနေ

alt

ဥရောပ ဘောလုံအဖွဲ့ချုပ် UEFA က ထုတ်ပြန်သော Fair Play အဆင့် သတ်မှတ်ချက် များ အရ စကန်ဒီနေးဗီးယန်း နိုင်ငံများသည် ကောင်းမွန်သော လုပ်ဆောင်မှုများ ပြုလုပ် ခဲ့သည်ဟု မှတ်တမ်း တင်ခံရသည်။

 UEFA အနေနှင့် အဆိုပါ စစ်တမ်းအတွက် ဥရောပ နိုင်ငံဘောလုံး အသင်းများ သန့်ရှင်းစွာ ကစားမှု၊ ပြိုင်ဘက်အပေါ် လေးစားမှု၊ ဒိုင်အပေါ် လေးစားမှုနှင့် ပရိသတ်များ၊ အသင်း တာဝန်ရှိသူများ၏ ဗီဇ စရိုက်များ အလိုက် အမှတ်ပေး ခဲ့ခြင်းဖြစ်သည်။ Fair Play အဆင့် သတ်မှတ်ချက်များ အရ နော်ဝေး၊ ဆွီဒင် နှင့် ဒိန်းမတ် နိုင်ငံတို့သည် ထိပ်ဆုံး (၆)သင်းအတွင်း စာရင်းဝင်နေခဲ့သည်။

နော်ဝေး အသင်းသည် ဘောလုံး ကစားရာတွင် မျှမျှတတရှိပြီး ပရိသတ်များ၏ အားပေးမှုမှာလည်း နှစ်လိုဖွယ် ကောင်းကြောင်း UEFA က ဖော်ပြထားသည်။ ဒိန်းမတ် ကမူ မာမာထန်ထန် ကစားတတ်ပြီး ခရစ်စတီယန် ပေါလ်ဆန် ကဲ့သို့ ခပ်ကြမ်းကြမ်း စိတ်နေ သဘောထား ရှိသူများ ပါ၀င်နေသည့်တိုင် တမင်တကာ ညစ်ပတ်ခြင်းမျိုး အလွန်နည်းကြောင်း သိရှိရသည်။

ထို့အတူ ဆွီဒင် အသင်းသည်လည်း ဖျော်ဖြေမှု ဆန်ကာ အကျည်းတန်သော ရည်ရွယ်ချက်ရှိရှိ တဖက်သားအား နာကျင်စေသည့် အပြုအမူမျိုးကို ရှောင်ရှားတတ်ကြောင်း UEFA ၏ စာရင်းအရ သိရှိရသည်။ စကော့တလန်၊ အင်္ဂလန်နှင့် ဝေလတို့သည် ဗြိတိန်ကျွန်းစု၏ ဂုဏ်ကိုဆောင်ကာ Fair Play အဆင့် ထိပ်တန်း( ၁၀)နိုင်ငံတွင် ပါ၀င်ခဲ့သော်လည်း မြောက် အိုင်ယာလန်မှာမူ အဆင့် သတ်မှတ်ချက်တွင် အောက်ဆုံးနား ကပ်နေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here