မြန်မာ့ ဗုဒ္ဓဘာသာ မှတ်တမ်းဗီဒီယို ကိုရီးယားမှ ရိုက်ကူးမည်

alt

တောင် ကိုရီးယားနိုင်ငံမှ ကိုရီးယား ရုပ်သံလွှင့်အစီအစဉ် (KBS) အတွက် ဗီဒီယို ရိုက်ကူးရေး အဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး Documentary မှတ်တမ်းတင် ဗီဒီယိုများ ရိုက်ကူးမည်ဟု သိရှိရသည်။

 KBS ရုပ်သံဋ္ဌာန အနေနှင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်ပြီး ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကား နေမှုများကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူး သွားမည်ဖြစ်သည်။ “နိဗ္ဗာန်သို့ သွားရာ လမ်း”ဟု အမည်ရသည့် အဆိုပါ ဗီဒီယို မှတ်တမ်းအား ဗြန်ချွန်ဟို က ဒါရိုက်တာ အဖြစ် တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး မြန်မာ့အလှ ဆွဲဆောင်မှုရှိရာ နာမည်ကျော် အင်းလေး ဒေသထိ သွားရောက် မှတ်တမ်းတင်မည် ဖြစ်သည်။

ထိုဒေသသည် သဘာဝ အလှအပ များနှင့် ပြည့်စုံပြီး ပိုးထည်နှင့် ငွေထည် လုပ်ငန်းများ ထွန်းကားသလို ဖောင်တော်ဦး စေတီကဲ့သို့ ကျောင်းကန် ဘုရားများ တည်ရှိနေသဖြင့် Documentary အတွက် ရွေးချယ် ခဲ့ရကြောင်း KBS က ကြေငြာသည်။ KBS သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ကလည်း ပုဂံသို့ သွားရောက် ရိုက်ကူးခဲ့ပြီး၊  လက်ရှိအချိန်တွင် စေတီပုထိုး (၂၀၀၀) ကျော် တည်ရှိနေသေးသော ရှေးဟောင်း မြန်မာနိုင်ငံတော်အား မှတ်တမ်းတင် ဗီဒီယိုများ ရိုက်ကူး ခဲ့ဖူးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here