ထိုင်းနိုင်ငံက ခိုးဝင်လာသူ ရိုဟင်ဂျာ (၇၈)ဦးကို ဖမ်းဆီး

alt

ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေသို့ ခိုးဝင်လာသည့် ရိုဟင်ဂျာ ဒုက္ခသည် (၇၈)ဦး တို့ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီး ထားလိုက်သည်။

 ထိုင်း ရဲများသည် ထို ရိုဟင်ဂျာ များကို ဖမ်းဆီး ခဲ့သော်လည်း ၎င်းတို့၏ အနာဂတ်ကို မည်ကဲ့သို့ ဆုံးဖြတ်မည် ကိုမူ အတိအကျ မသိသေးပေ။ ထိုင်း ၀န်ကြီးချုပ် အဘီဆစ်က နိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသည့် လူအများ အပြားကို ဖမ်းဆီး မိကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့ပြီး အခြေအနေကို အကောင်းဆုံး ဖြေရှင်း နိုင်မည်ဟု ကတိပြုခဲ့သည်။

ထိုင်းလူဝင်မှု ကြီးကြပ်ရေး အရာရှိများသည် နိုင်ငံအတွင်း ခိုးဝင်လာသည့် ပြည်ပ ဒုက္ခသည်များကို ဖမ်းဆီးမိပြီး ပင်လယ်ထဲသို့ လှေငယ်များဖြင့် အတင်း ပြန်လွှတ်သဖြင့် လူအများအပြား သေဆုံးခဲ့ရကြောင်း နာမည်ဆိုး ထွက်လျက်ရှိသည်။

ပြီးခဲ့သော ဒီဇင်ဘာလ အတွင်း ထိုင်းတို့ ရက်ရက်စက်စက် ပင်လယ်ထဲ မျှောပစ်ခဲ့သော လှေငယ် အစင်းရေ (၅)စင်း၊ (၆)စင်းခန့် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာထဲတွင် နစ်မြုပ်သွားခဲ့ကြောင်း CNN က ဖော်ပြခဲ့ပြီးနောက် ကမာ္ဘတဝှမ်းရှိ လူသားချင်း စာနာသော အဖွဲ့များက ထိုင်းတို့၏ လုပ်ရပ်အား ပြစ်တင် ဝေဖန်ခဲ့သည်။ လက်ရှိ အချိန်တွင် ရိုဟင်ဂျာ  (၇၈) ဦးတို့ကို ရဲအချုပ်ခန်းများ အတွင်း ထိန်းသိမ်းထားပြီး တရားမဝင် ကျူးကျော်လာမှု ဥပဒေများ အရ စွဲချက်တင်ရန် ပြင်ဆင်နေကြောင်း ထိုင်း အာဏာပိုင်တို့က သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here