ယခုတိုင် နာဂစ်ကြောင့် မြန်မာနိုင်ငံ အတွင်း စားနပ်ရိက္ခာ ကြပ်တည်းမှုများ ရှိနေ

alt

(၂၀၀၈) ခုနှစ်၊ မေလ အတွင်းက တိုက်ခတ်သွားသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံ အတွင်း အစားအစာ ပြတ်လတ်မှုများကို မုန်တိုင်းဒဏ်ခံ ဒေသများတွင် ခါးစည်း ခံနေရကြောင်း ကုလသမဂ္ဂမှ  အတည်ပြု  ပြောဆိုလိုက်သည်။

 လက်ရှိ အချိန်ထိ မုန်တိုင်းသင့် ပြည်သူ များစွာသည် ဆင်းရဲ ကြပ်တည်းစွာ ရုန်းကန် နေရပြီး ယခုနှစ်အတွင်း အစားအစာ တန်ချိန် (၁၈၅၀၀၀) ထိ အရေးပေါ် လိုအပ် နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။ လူပေါင်း (၁၃၀၀၀၀) ကျော်ထိ သေကြေ ပျက်စီးမှု၊ ပျောက်ဆုံး နေမှုများနှင့် ကြံုတွေ့ခဲရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီးသည် မြန်မာနိုင်ငံ အတွင်းရှိ လေဘေးဒဏ်သင့် ဒေသများ အတွင်း လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကို နာလံ မထူနိုင်အောင် ဆုတ်ယုတ် ပျက်ပြား သွားစေခဲ့ကြောင်း NGO အဖွဲ့များကလည်း သုံးသပ်ခဲ့ကြသည်။

အထူးသဖြင့် ဆားငန်ရေ ၀င်ကာ သုံးမရအောင် ပျက်စီးသွားခဲ့သည့် ဆန်စပါး စိုက်ပျိုးမြေ ဟက်တာ( ၈၀၀၀၀၀) ခန့်တို့အား ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသလို မြန်မာနိုင်ငံ၏ စပါးကျီကြီးဟု တင်စားခံရသည့် ဧရာဝတီတိုင်း အတွင်း သိုလှောင်ထားသည့် မျိုးစေ့ စုစုပေါင်း၏ (၈၅) ရာခိုင်နှုန်းမှာလည်း မုန်တိုင်းအတွင်း ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here