ပထမဆုံးသော ၂ ထရီဂါဘိုက် ပမာဏရှိ Hard Disk ထုတ်လုပ်

alt

Western Digital က ပထမဆုံးသော 2TB သိုလှောင်မှု စွမ်းရည်ရှိ Internal Hard Disk ကို ထုတ်လုပ်လိုက်သည်။

 အဆိုပါ Hard Disk သည် ၎င်းတို့၏ WD Caviar Series မှ နောက်ဆုံး ထုတ်ကုန်လည်း ဖြစ်သည်။ (၃)လက်မခွဲရှိ အဆိုပါ Hard Disk ကို ကုမ္မဏီက အတည်ပြု ပြသခဲ့ပြီး ထိုStorage Deviceသည် လျှပ်စစ် ဓာတ်အား သုံးစွဲမှုတွင် သမားရိုးကျ Hard Diskများထက် (၄)၀ပ်မှ (၅)၀ပ်ထိ ဓာတ်အား သက်သာကြောင်း ကုမ္မဏီက ကြေငြာခဲ့သည်။

အဆိုပါ Hard Disk အတွင်း 500GB Platter လေးခုကို ထည့်သွင်းထားပြီး Transfer Rate မှာ တစ်စက္ကန့်လျှင် 32MB နှုန်းထိ အမြန်နှုန်း ရှိကြောင်း သိရသည်။ ထို့အပြင် အရွယ်အစား မှာလည်း သာမန် Hard Disk များနှင့် အတူတူပင် ဖြစ်သောကြောင့် မည်သည့် PC မဆို၊ မည်သည့် External Hard-drive Casing တွင်မဆို လွယ်ကူစွာ တပ်ဆင်နိုင်မည် ဖြစ်သည်။ ထို Hard Disk ကို ဗြိတိန်ငွေ (၂၂၁)ပေါင် ဈေးနှုန်း သတ်မှတ်ပြီး စတင် ရောင်းချ သွားမည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here