ဝီကီပီဒီးယား ၏ မူဝါဒများ ပြောင်းလဲရန် စဉ်းစားနေ

alt

Online စွယ်စုံကျမ်း ဖြစ်သော Wikipedia တာဝန်ရှိသူ များသည် ၎င်းတို့ သတ်မှတ်ထားသော မူဝါဒများကို ပြောင်းလဲရန် စဉ်းစားနေပြီဟု သိရှိရသည်။

 User များကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်နိုင်သည့် အဆိုပါ အခမဲ့ စွယ်စုံကျမ်း ၀ဘ်ဆိုဒ်သည် အသုံးပြုသူ အလွန် များပြားလာသလို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း များကိုလည်း User များက ပြုလုပ် ခဲ့ကြသည်။ သို့သော်လည်း ယခုအခါတွင် Wikipedia တွင် နောက်ထပ် ပြင်ဆင်မှုများ ပြုလုပ်မည် ဆိုပါက Moderator များက စစ်ဆေးပြီးမှ အတည်ပြုတော့ရန် ကြံစည် လျှက်ရှိသည်။

အမေရိကန် လွှတ်တော်အမတ် ရောဘတ် ဘတ်ဒ်နှင့် အက်ဒွက် ကနေဒီတို့ နှစ်ဦးစလုံးသည် သက်ရှိထင်ရှား ရှိနေသေးသော်လည်း User များက ဖြည့်စွက်ထားသော သတင်း အချက်အလက် အရ နှစ်ဦးလုံး ကွယ်လွန်ပြီဟု ဖော်ပြ ပါရှိနေသောကြောင့် ယခုလို တဆင့်ခံ Edit လုပ်ရန် စဉ်းစားလာရခြင်း ဖြစ်သည်။

၀ဘ်ဆိုဒ်၏ အယ်ဒီတာများသည် Wikipedia သို့ ဖြည့်စွက်သော သတင်း အချက်အလက်များကို ဦးစွာ ဖတ်ရှုစီစစ်ပြီးမှ Published လုပ်ရန် ခွင့်ပြုတော့မည်ဟု ဆိုသည်။ Wikipedia ကို စတင်ထူထောင်သော ပုဂ္ဂိုလ်ဖြစ်သည့် ဂျင်မီ ဝေးလ်စ်က ၎င်းတို့အနေနှင့် အတိအကျ မှန်ကန်သော သတင်း အချက်အလက် ကိုသာ ကမာ္ဘ့ ပြည်သူများကို ပေးချင်ကြောင်း၊ User များ၏ လွဲမှားမှုကြောင့် သတင်း အမှားများကို အခြားသူများ အမှန် ထင်သွားမည်ကို မလိုလားကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here