ဇင်ဘာဘွေ သမတ၏ သမီး နာမည်ပြောင်း၍ ဟောင်ကောင်တွင် ကျောင်းတက်နေ

alt

ဇင်ဘာဘွေနိုင်ငံ သမတဖြစ်သူ ရောဘတ်မူဂါဘီ ၏ သမီးသည် ဟောင်ကောင်တွင် အမည်တမျိုး ပြောင်းပြီး ကျောင်းတက် နေကြောင်း သိရသည်။

 ဘိုနာ မူဂါဘီသည် အမေရိကန် နှင့် ဥရောပယူနီယံ နိုင်ငံများက ပိတ်ပင် ထားမှုကြောင့် ပြည်ဝင်ခွင့် ရရှိသော ဟောင်ကောင် တက္ကသိုလ်တွင် ဆောင်းဦးကာလမှ စတင် ကျောင်းတက် နေကြောင်း တက္ကသိုလ်၏ ထိပ်တန်း ပုဂ္ဂိုလ်တဦးက အတည်ပြု ပြောကြားခဲ့သည်။

သူမနှင့် အတူ အသက်(၄၃)နှစ်အရွယ် ဂရေ့စ်လည်း ဟောင်ကောင် တွင်ရှိနေပြီး၊  ဂရေ့စ်သည် ဟောင်ကောင်တွင် ဈေးဝယ်နေစဉ် သူမအား ဓာတ်ပုံရိုက်ရန် ကြိုးပမ်းခဲ့သော သတင်းထောက်တဦး နှင့် ပြဿနာ တက်ခဲ့ရသေးသည်။

မူဂါဘီ အစိုးရကို နိုင်ငံတကာမှ ရှုတ်ချမှုများ ပြုလုပ်နေသလို နိုင်ငံ အသီးသီးမှ အစိုးရ များသည်လည်း မူဂါဘီနှင့် မိသားစုများကို ပြည်ဝင်ခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ထားခဲ့သည့် အလျောက် အနောက်အုပ်စု နိုင်ငံအသီးသီး နှင့် အတူ ဩစတြေးလျ ကဲ့သို့သော နိုင်ငံ များကလည်း မူဂါဘီနှင့် မိသားစုဝင်များ ၏ အမည်စာရင်းကို ထုတ်ပြန်ပြီး ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း ကြေငြာထားသည်။

ဟောင်ကောင် တက္ကသိုလ်မှ တာဝန်ရှိသူ တဦးဖြစ်သော အီမီလီ လောင်ဝီဟင် က ဘိုနာသည် နိုင်ငံတကာ ပိတ်ပင်မှုများကြောင့် ပညာသင်ကြားရန် ဟောင်ကောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ပါကြောင်းသာ  ထင်မြင်ချက် ထုတ်ဖော် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here