ကိတ်ဝင်းဆလက် ရွှေကမာ္ဘလုံးဆု နှင့် Screen Actors Guild Award ရရှိ

alt

ရွှေကမာ္ဘလုံးဆု နှစ်ဆုကို ရရှိခဲ့သော ဟောလီးဝုဒ် မင်းသမီး ကိတ်ဝင်းဆလက် အဖို့ နောက်ထပ် အောင်မြင်မှု တခုကိုလည်း ရက်ပိုင်းအတွင်း ထပ်မံ ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။

 သူမသည် Screen Actors Guild Award မှ ပေးအပ်သော “Best supporting actress” award” ထူးချွန်ဆု ကိုလည်း ရယူ ပိုင်ဆိုင် နိုင်ခဲ့သည်။ သူမသည် ထိုဆုကို ရရှိခဲ့သည့် အတွက် ပြောစရာ စကားလုံး ရှာမရအောင် ၀မ်းသာ မိကြောင်း နာမည်ကျော် မင်းသမီးက ဆိုသည်။

ကိတ်ဝင်းဆလက်သည် ဒုတိယ ကမာ္ဘစ််နောက်ခံ The Reader ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အတွက် အော်စကာ စာရင်းတွင် အမည်တင်သွင်း ခံထားရပြီး သူမသာ ထိုဆုကို ရရှိ နိုင်လိမ့်မည်ဟု နာမည်ကြီး နေပြီးဖြစ်သည်။ ကိတ်က Screen Actors Guild Award ကို လက်ခံ ရယူပြီးနောက် ထိုဆုကို ပိုင်ဆိုင်ရခြင်းသည် သူမ ဘဝအတွက် အကြီးမားဆုံး ချီးမြှောက်မှု တခုဖြစ်ကြောင်း၊ ထိုဆုအတွက် ရွေးချယ်ခြင်း ခံရရန် ရေပန်း စားနေသူ အားလုံးသည် ဆုနှင့် ထိုက်တန်သည်ဟု ခံစားရပါကြောင်း ပြောဆိုခဲ့သည်။ ကိတ်ဝင်းဆလက်သည် ယခင်က ဆန်ခါတင် အဆင့်တွင် (၅)ကြိမ် ပါ၀င် ဖြတ်သန်း ခဲ့ဖူးသော်လည်း ဆုတခုမှ ရရှိခြင်း မရှိခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here