အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို့ရှိ မြန်မာ ကလေးငယ် များစွာ “ခဲ” အဆိပ်သင့်နေ

alt

အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့ရှိ မြန်မာ ကလေးငယ် များစွာတို့တွင် ခဲဆိပ်သင့်မှု အမြင့်မားဆုံး ဖြစ်ပွားလျှက် ရှိနေသည်ဟု အင်ဒီယားနား ကျန်းမာရေးဋ္ဌာနမှ ယမန်နေ့က အမေရိကန်နိုင်ငံ တဝှမ်းသို့ ထုတ်ပြန်ကျေငြာ လိုက်သည်။

 အလန်ကောင်တီ ကျန်းမာရေး ဋ္ဌာနမှ အိမ်တွင်း ကျန်းမာရေး အစီစဉ်များ အဖြစ် လိုက်လံ စစ်ဆေးစဉ် CRCR ရုံး၌ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်၊ သောင်းနှင့် ချီသော မြန်မာမိသားစု တို့ နေထိုင်ရာ ဖို့တ်ဝိန်းတွင် CRCR ဟုခေါ်သော ဒုက္ခသည်နှင့် လူမှုဝန်းကျင်ဆိုင်ရာ NGO နှင့် ကျန်မာရေး ဋ္ဌာနတို့မှ လိုက်လံ သုတေသနပြုရာ အလွန် အံ့ဩဖွယ်ရာ ၂၅ယောက်သော ကလေးငယ် များတွင် ခဲ အဆိပ်သင့်မှု နှုန်းထား အလွန်မြင့်မား နေသည်ကိုတွေ့ ရှိရသည်ဟု ဒါရိုက်တာ အေမီ ဟက်စတင်း မှဆိုသည်။

ယခုကဲ့သို့ ခဲဆိပ်လွန် သင့်မှုအား စီမံကိန်း အသေးစိတ် ရေးဆွဲကာ စစ်ဆေးမှုများအား အင်ဒီယားနား ဗဟိုကျန်းမာရေး ဋ္ဌာနနှင့် ရောဂါဗေဒ ကြိုတင် ကာကွယ်ရေးနှင့် ကုသ တိုက်ဖျက်ရေး ဋ္ဌာနတို့ မှ ဖြစ်ပွားရခြင်း အရင်းအမြစ်ကို အိမ်တိုင်ယာရောက် လိုက်လံ စစ်ဆေး လျှက်ရှိသည်။ ထိုစစ်ဆေးရေး အဖွဲ့သည် အမေရိကန် နိုင်ငံတွင်း ဆေးဝါးများ၊ အလှကုန် ပစ္စည်းများ နှင့် လူသုံးကုန် ပစ္စည်းများမှ ဖြစ်ပွားရလေ သလား? ထိုကလေးများ လာရောက်ရာ ဇစ်မြစ်ဖြစ်သော မြန်မာနိုင်ငံ နယ်စပ်ဒေသ အနီး ထိုင်း ဒုက္ခသည် စခန်းများမှ ပါလာခဲ့လေ သလော? ကွဲကွဲပြားပြား သိရှိနိုင်ရန် အသေးစိတ် သုတေသနပြု စစ်ဆေးသွားမည်ဟု မစ္စ ဟက်စတင်း ကဆိုသည်။

အင်ဒီယာနာ ပူးလစ်မြို့ အခြေစိုက် ကျန်းမာရေးအဖွဲ့သည် လွန်ခဲ့သော အပါတ် များကပင် ဖို့တ်ဝိန်းမြို့မှ ပေးပို့လာသော ဓါတ်ခွဲခန်း နမူနာ များဖြင့် ခွဲခြမ်း သုတေသန ပြုနေပြီး၊ ရောဂါဗေဒ ကြိုတင် ကာကွယ်ရေးနှင့် ကုသ တိုက်ဖျက်ရေး ဗဟို မှလည်း ဘာအတွက်ကြောင့် ယခုလို အဆိပ်သင့်မှု အမှတ်ထက် ကျော်လွန်နေသည်ကို ပါဝင် သုတေသနပြု သုံးသပ်မည် ဖြစ်သည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here