တရုတ်နှစ်ကူး အထိမ်းအမှတ် ခြင်္သေ့အက ပြိုင်ပွဲများ မြန်မာနိုင်ငံတွင် ကျင်းပ

alt

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သော ရန်ကုန်တွင် နေထိုင်သည့် တရုတ် လူမျိုးများသည် နှစ်သစ်ကူး ပွဲတော်တွင် တရုတ်ရိုးရာ ခြင်္သေ့အကများ ပြိုင်ပွဲကျင်းပ လျှက်ရှိကြောင်း သိရသည်။

 တရုတ်တန်းတွင် လေးရက် ကြာပြိုင်ပွဲ ကျင်းပပြီး ဒေသတွင်း ဘုံကျောင်းများမှ အပျော်တမ်း ခြင်္သေ့အက ၀ါသနာရှင် များက တပျော်တပါး ဆင်နွှဲ နေကြကြောင်း ပြိုင်ပွဲ တာဝန်ခံ ဇောင်ဘိုဖူက ပြောကြား ခဲ့သည်။

ဆုပေးပွဲကို ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ထိုဆုပေးပွဲတွင် ပထမနှင့် ဒုတိယဆုများ ရရှိမည့် ပြိုင်ပွဲဝင်များက အစွမ်းပြ ဖျော်ဖြေမှုများ ပြုလုပ်မည် ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများသည် ကောင်းကင် ခြင်္သေ့၊ ရွှေခြင်္သေ့၊ ကောင်းကင် ရွှေစင်ခြင်္သေ့၊ ငွေရောင် ခြင်္သေ့ပျို၊ ထာဝရ ထွန်းလင်းသည့် ခြင်္သေ့၊ ပုလဲနက်၊ နဂါးခြင်္သေ့၊ ကောင်းကင် နဂါးခြင်္သေ့ စသော အမည်များဖြင့် ယှဉ်ပြိုင် လျှက်ရှိကြသည်။

တရုတ်ရိုးရာ နဂါးအကနှင့် ခြင်္သေ့အက များကို ဒေသခံ မြန်မာများကပါ အားပေးနှစ်သက်ပြီး နှစ်စဉ်လိုလို ပြိုင်ပွဲများကို ပြုလုပ် ကျင်းပတတ်ကြောင်း သိရှိရသည်။ 

LEAVE A REPLY

Please enter your comment!
Please enter your name here