ဗြိတိန်တွင် ရင်သားနှင့် ဝမ်းဗိုက်အလှ အတွက် ခွဲစိတ် ပြင်ဆင်မှု များပြားလာ

alt

ဗြိတိန်နိုင်ငံမှ သုတေသန ပညာရှင်များက အမျိုးသမီးများ ရင်သား ကြီးထွားစေရန်နှင့် ၀မ်းဗိုက်သား လှပစေရန် ပလတ်စတစ် ဆာဂျရီ နည်းဖြင့် ခွဲစိတ် ပြင်ဆင် ပြုလုပ်မှုသည် တဖြည်းဖြည်း များပြားလာကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်သည်။

 ထို့အတူ ယောက်ျားများ၏ ရင်အုံပုံဖော် ခွဲစိတ်မှု သည်လည်း ယခင် နှစ်များနှင့်စာလျှင် (၄၄) ရာခိုင်နှုန်းထိ တိုးတက် လာကြောင်း ဆရာဝန်များက ဆိုသည်။ အမျိုးသမီး များသည် Gynaecological နည်းဖြင့် ခွဲစိတ်မှု ပြုလုပ်ပြီး သူမတို့၏ ခန္ဓာကိုယ်ကို စိတ်ကြိုက် ပုံဖော်ရန် အားသန်လာကြောင်း ဗြိတိန်နိုင်ငံရှိ British Association of Aesthetic Plastic Surgeons (BAAPS) မှ ခွဲစိတ် ဆရာဝန်များက ပြောကြား သွားသည်။

ဗြိတိသျှ အမျိုးသမီး အများစုသည် ရင်သား လှပစေရန် ခွဲစိတ်မှုများ ပြုလုပ်မှု အများဆုံးဖြစ်ခဲ့ပြီး (၂၀၀၈) ခုနှစ်အတွင်း ခွဲစိတ်ခံသူဦးရေ (၈၄၃၉)ဦး ရှိရာ ထို ပမာဏသည် (၂၀၀၇)ခုနှစ်က (၆၄၈၇) ဦးနှင့်စာလျှင် (၃၀) ရာခိုင်နှုန်း တိုးလာခြင်း ဖြစ်သည်။ မျက်ခွံခွဲစိတ်မှု၊ မျက်နှာနှင့် လည်ပင်း ခွဲစိတ်မှု များသည်လည်း တနှစ်အတွင်း သိသိသာသာ တိုးလာခဲ့ပြီး (၂၀၀၈) ခုနှစ်တွင် အလှအပ အတွက် ခွဲစိတ်ခံသူ အမျိုးသမီး (၃၁၁၈၃)ဦး ရှိခဲ့ပြီး (၂၀၀၇) ခုနှစ်ကပမာဏ (၂၉၅၇၂) ဦးထက် သိသိသာသာ ပိုလာခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here