ဆွီဒင် အာဏာပိုင်များက Nordic လေကြောင်းကို လိုင်စင် ပိတ်သိမ်း

alt

အသစ် ဖွဲ့စည်းထားသော ဆွီဒင်၏ ပို့ဆောင်ရေးဌာန အာဏာပိုင်များက Nordic လေကြောင်းလိုင်း၏ လုပ်ငန်း လိုင်စင်ကို ခေတ္တ ဆိုင်းငံ့ ထားလိုက်ကြောင်း သိရှိရသည်။

မြို့တော် စတော့ခ်ဟုမ်းလ် အာလန်ဒါ လေဆိပ်အနီး အခြေစိုက်ထားသည့် Nordic သည် Boeing MD-80 အမျိုးအစား လေယာဉ်များကို အသုံးပြု ပျံသန်းလျက်ရှိပြီး ယခုကဲ့သို့ လိုင်စင် ပိတ်ခံရခြင်းသည် ကုမ္ပဏီ၏ ဘဏ္ဍာရေး အရှုပ်အထွေး များကြောင့်ဟု သိရှိရသည်။ ဆွီဒင်၏ ပို့ဆောင်ရေး အာဏာပိုင်များသည် ပြည်တွင်း လေကြောင်းများ၏ ရပ်တည်မှု အခြေအနေကို စစ်ဆေးမှုများ ပုံမှန် ပြုလုပ်ပြီးနောက် Nordic ၏ စီးပွားရေး ကျဆင်းမှုများကြောင့် ဆက်လက် လုပ်ကိုင်ရန် ခွင့်မပြုတော့ကြောင်း အတည်ပြု ခဲ့သည်။

ကုမ္ပဏီ အနေနှင့် လေယာဉ်ပျံသန်း ပြေးဆွဲမှုများ ဆက်လုပ်သွားရန် မဖြစ်နိုင်တော့ဟု အာဏာပိုင်များ က ဆိုသည်။ လိုင်စင်ပိတ်သိမ်း ခံရမှုနှင့်ပတ်သတ်ပြီး Nordic လေကြောင်းလိုင်းက တစုံတရာ မှတ်ချက်ပေးမှု မရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here