အရက်တခွက်ကြောင့် ယောက်ျားများ၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည်

alt

အရက်သည် ယောက်ျားများ၏ အိပ်ယာ အတွင်း စွမ်းဆောင်ရည်ကို တိုးတက်စေကြောင်း သိရှိရသည်။

ဩစတြေးလျမှ အမျိုးသား (၁၅၈၀) ကို လေ့လာမှုများ ပြုလုပ်ပြီးနောက် အိပ်ယာမဝင်မီ အရက်တခွက်မျှ သောက်သုံးခြင်းသည် ယောက်ျားများ၏ လိင်မှုဆိုင်ရာ စွမ်းရည်ကို သာမန်ထက် (၃၀)ရာခိုင်နှုန်း တိုးတက် စေကြောင်း ပညာရှင်များက အတည်ပြု ခဲ့သည်။

ထို့ကြောင့်လည်း အမျိုးသားများသည် အိပ်ယာမဝင်မီ အလွန် ပြင်းထန်ခြင်း မရှိသော အရက်တခွက်မျှ သောက်သုံးခြင်းဖြင့် ပိုမို ကျေနပ်နှစ်သက်မှုကို ခံစား ရရှိစေမည် ဖြစ်ကြောင်း ပညာရှင်များက ထောက်ခံခဲ့ကြသည်။ သို့တိုင်အောင် အရက်နှင့် ဓါတ်မတည့်သော ရောဂါရှိသူ များကိုမူ ထိုနည်းလမ်း ကို ရှောင်ကြဉ်ရန် ဆရာဝန်များ က ထပ်မံသတိ ပေးထားလိုက်သည်။

သာမန် ဓါတ်မတည့်မှု မျှသာ ဖြစ်နေသော အမျိုးသားများမှာမူ အရက်တခွက်မျှ သောက်သုံး သင့်ကြောင်းလည်း ပညာရှင်များက ပြောကြားခဲ့သည်။ အရက်တွင် ပါ၀င်သော အယ်လ်ဟိုဟောသည် အကြောများကို သန်စွမ်းစေပြီး သွေးစီးဆင်းမှုကို ချောမွေ့ မြန်ဆန်စေကြောင်း၊ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ နိုးကြားမှုကိုလည်း ဖြစ်ပေါ်စေ သောကြောင့် အမျိုးသားများ အတွက် ကောင်းမွန်သော တုန့်ပြန်မှုများ ရရှိနိုင်မည်  ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here