တနင်္ဂနွေနေ့က ရန်ကုန်တွင် အနည်းဆုံး မီးလောင်မှုနှစ်ခု ဖြစ်ပွား

alt

ရန်ကုန်မြို့တွင် ဇန်နဝါရီလ (၂၅)ရက်နေ့က အနည်းဆုံး မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗဟိုမီးသတ် ဋ္ဌာနသည် တနင်္ဂနွေနေ့ မနက် အစောပိုင်းက လှိုင်သာယာ မြို့နယ်တွင် မီးလောင်မှု တခု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု ခဲ့သော်လည်း အသေးစိတ် အချက်အလက် များကိုမူ ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ စက်မှုလုပ်ငန်း တခုမှ အစပြု လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ မီးကို အချိန်ပိုင်းအတွင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ ထို့အတူ ထိုနေ့ နေ့လည်(၁၂)နာရီ မထိုးခင် အချိန်ခန့်ကလည်း ကမာရွတ်မြို့နယ်၊ လှည်းတန်း လမ်းမရှိ တိုက်တလုံးတွင် ၀ါယာရှော့မှ မီးလောင်မှုတခု ဖြစ်ပွားခဲ့သေးကြောင်း သိရှိရသည်။

(၂၅) မိနစ်ခန့် လောင်ကျွမ်းသော အဆိုပါမီးကို မီးသတ်ကားများ အချိန်မီ လာရောက် ငြိမ်းသတ်ခဲ့သောကြောင့် မီးစတင် လောင်ကျွမ်းရာ တိုက်ခန်းမှ လွဲပြီး အခြား ပျက်စီးမှု မရှိခဲ့ပေ။ အနီးအနားတွင် နေထိုင်သူများက မီးကြောင့် တိုက်ခန်း မှန်ပြူတင်းများ ကွဲသွားပြီး လမ်းပေါ်သို့ ပြုတ်ကျမှုများ ရှိခဲ့ကြောင်း၊ တိုက်ခန်းအတွင်းမှ မီးခိုးလုံးများ ထွက်ပေါ်လာပြီး နောက် မီးသတ်ကားများ ဥဩဆွဲကာ ရောက်ရှိခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု တစုံတရာ မရှိကြောင်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here