အိုဘားမားကို ဂြိုဟ်သားတွေ လာအားပေး ခဲ့သလား?

alt

အမေရိကန် သမတ ဘာရက် အိုဘားမား ကျမ်းကျိန်ပွဲ ပြုလုပ် ကျင်းပစဉ်က ကောင်းကင်ယံတွင် ပန်းကန်ပြားပျံ တစင်း ရှိနေခဲ့ကြောင်း သိရှိရသည်။

CNN ရုပ်သံဋ္ဌာနကြီးသည် ထိုနေ့က ၀ါရှင်တန် ကောင်းကင်ယံတွင် ၀ဲပျံနေသော ထို ပန်းကန်ပြားပျံကို မှတ်တမ်းတင် Video ရိုက်ကူးထားပြီး အင်တာနက်မှ တဆင့် ဖြန့်ဝေပေးခဲ့ရာ ထို Video Clip ကြောင့် အာကာသအတွင်း လူသားများထက် ဉာဏ်ရည်မြင့်သော သက်ရှိများသည် လူသားများကို စောင့်ကြည့် နေကြသည်ဆိုသော ထင်မြင်ချက်များကို ပိုမိုအားကောင်း လာစေခဲ့သည်။ အိုဘားမား၏ ကျမ်းကျိန်ပွဲသို့ အမေရိကန်ပြည်သူ နှစ်သန်းအထိ တက်ရောက်ခဲ့ပြီး ကမာ္ဘတဝှမ်းမှ အာရုံစိုက်ခဲ့ရသည့် အခမ်းအနားအပေါ် ဂြိုဟ်သားများ ကလည်း စိတ်ဝင်စားလာခြင်း ဖြစ်ဖွယ်ရှိကြောင်း ပန်းကန်ပြားပျံ သုတေသီများ က ခန့်မှန်းနေကြသည်။

ဇန်နဝါရီလ (၂၀)ရက်နေ့က တွေ့မြင်ခဲ့ရသော ပျံသန်းနေသည့် အမျိုးအမည် မသိ အရာအတွက် နာဆာမှ တစုံတရာ ဖြေရှင်းချက် မပေးသေးသော်လည်း ဗြိတိန်နိုင်ငံ ကမူ တော်ဝင်ဘုရင့် လေတပ်မတော်အား တိုက်လေယာဉ်များ အနေနှင့် ပန်းကန်ပြားပျံများကို တွေ့သည့် နေရာတွင် ပစ်ချရန် လျှို့ဝှက် အမိန့် ထုတ်ပြန် ထားလိုက်ကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here