နော်ဝေတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီး နှစ်ဦးသေဆုံး

alt

နော်ဝေ နိုင်ငံအတွင်း ဇန်နဝါရီလ (၂၃) ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တခုအတွင်း လူနှစ်ဦး သေဆုံးကြောင်း သိရှိရသည်။

နော်ဝေးနိုင်ငံ ထရွမ်ဆိုး တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် အမျိုးသား တဦးနှင့် အမျိုးသမီးတဦးတို့ သေဆုံးသွားကြောင်း နော်ဝေ ရဲတပ်ဖွဲ့က ကြေငြာသွားသည်။ ကား ပါကင်တခု၏ အပြင်တွင် ဖြစ်ပွားခဲ့သော အဆိုပါ သေနတ်ပစ်မှု အတွက် တရားခံကို ဖမ်းဆီးရမိခြင်း ရှိ မရှိမှာ မသိရှိ ရသေးပေ။

နော်ဝေး TV2 က ထိုဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် အမျိုးသမီးမှာ ဆရာမတဦး ဖြစ်ကြောင်းသာ ထုတ်ပြန် ကြေငြာခဲ့သော်လည်း ရဲတပ်ဖွဲ့မှာမူ အတည်ပြုချက်မျိုး မထုတ်ပြန် သေးပေ။ နံနက်ပိုင်း အချိန်က ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုအတွက် ကလေးအချို့မှာ မျက်မြင် သက်သေအဖြစ် ရှိနေခဲ့ကြောင်း သိရှိရသော်လည်း သတင်း အတိအကျကို ရဲများက ထုတ်ပြန်မှု မပြုခဲ့ဟုလည်း ဆက်လက် သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here