ဂါဇာအရေး နိုင်ငံခြားရေး ၀န်ကြီးများ စုပေါင်းဆွေးနွေး

alt

ဥရောပနှင့် အရှေ့ အလယ်ပိုင်းဒေသ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများသည် ဂါဇာ ဒေသအတွင်း လိုအပ်နေသော ပြင်ဆင်မှုများ ကူညီ ဆောင်ရွက်နိုင်ရေး အတွက် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

နော်ဝေးနိုင်ငံသည် အဆိုပါ ဆွေးနွေးပွဲ အတွင်း ပါလက်စတိုင်း၊ အီဂျစ်၊ တူရကီ၊ ဂျော်ဒန်နိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဂါဇာ အရေးအတွက် အဖြေရှာရန် ကြိုးပမ်း တိုင်ပင်ခဲ့ကြသည်။ ထို အစည်းအဝေးသို့ နိုင်ငံပေါင်း (၂၇)နိုင်ငံ တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ၏ အရှေ့ အလယ်ပိုင်းဒေသ ကိုယ်စားလှယ် တိုနီဘလဲက ထိုဒေသ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် ကမာ္ဘ့နိုင်ငံ အသီးသီးမှ ပူးပေါင်း ဆောင်ရွက်ကြရန် ပန်ကြားခဲ့သည်။ ထိုအတောအတွင်း အီဂျစ် အစိုးရသည် ဟားမတ် သူပုန်များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီး စစ်ပွဲကို ထပ်မံ အစ မပျိုးရန် တောင်းဆို လျှက်ရှိသည်။

ဂါဇာတွင် ဖွင့်လှစ်ထားသည့် ကုလသမဂ္ဂ စာသင်ကျောင်းမှာလည်း ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီ ဖြစ်သော်လည်း ကျောင်းမှ ဆရာအချို့က အစ္စရေးတို့ ဆင်နွှဲခဲ့သည့် (၂၂) ရက်ကြာ စစ်ပွဲအား ဆန့်ကျင်သောအားဖြင့် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here