အင်္ဂလန်တွင် ကင်ဆာ ရောဂါသည်များ အတွက် ဆေးဝါး အခမဲ့ ဖြန့်ဝေ

alt

အင်္ဂလန်နိုင်ငံတွင် ကင်ဆာ ရောဂါရှင်များ အတွက် လိုအပ်သော ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးသော အစီအစဉ်ကို ဇန်နဝါရီလ (၂၀) ရက်နေ့မှ စတင် နေပြီဖြစ်သည်။

၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းသည် သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများ၊ NGO များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် အဆိုပါ အစီအစဉ်ကို အတည်ပြု လိုက်ပြီဖြစ်သည်။ ယခု ထောက်ပံ့မှုကြောင့် အင်္ဂလန်ရှိ ကင်ဆာ ဝေဒနာရှင် (၁၅၀၀၀၀)ကျော် အတွက် အကျိုးသက်ရောက်မှု များစွာ ရရှိ ခံစားနိုင်မည် ဖြစ်ပြီး အစိုးရ အနေနှင့်မူ တနှစ်လျှင် ကုန်ကျစရိတ် စတာလင်ပေါင် သန်း(၅၀)ခန့် အထိ များပြား လာဖွယ်ရှိသည်။

၀န်ကြီးချုပ် ဘရောင်း ကမူ အစိုးရသည် ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် ပေါင်စတာလင် (၄၇၅)သန်း တိုးမြှင့် အသုံးပြုခဲ့ပြီး အခွန်ထမ်း ပြည်သူများ၏ အကျိုးရှိမှု အတွက် အမှန်တကယ် ကောင်းမွန်သော တုန့်ပြန်မှုများ ပေါ်ပေါက်လာမည်ဟု ယုံကြည်သော ကြောင့်သာ ယခု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဟု အတည်ပြု ကြေငြာခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ အခမဲ့ ကင်ဆာဆေးဝါး အစီအစဉ်ကို အင်္ဂလန်တွင် စတင်နေပြီး မကြာမီတွင် ဗြိတိန်၏ အခြားသော ဒေသများတွင်ပါ ဆောင်ရွက်သွားရန် ရည်ရွယ် ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here