အိန်ဂျလီနာ ဂျိုလီက သူမ၏ အထုပ္ပတ္တိစာအုပ် ထုတ်ဝေမည်

alt

ဟောလီးဝုဒ် မင်းသမီးချော အိန်ဂျလီနာ ဂျိုလီက သူမ၏ ဘဝ ဇာတ်ကြောင်းကို ပွင့်ပွင့် လင်းလင်း ရေးသား ဖော်ပြထားမည့် အထုပ္ပတ္တိ စာအုပ်တအုပ် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။

သူမနှင့် အလွန်ရင်းနှီးသော အသိုင်းအဝိုင်း မှ ထုတ်ဖော် ပြောဆိုခဲ့မှုများ အရ မင်းသား ဘရက်ပစ် ၏ ချစ်သူသည် သူမ နှင့် ပစ်တို့၏ အချစ် ဇာတ်လမ်းကို ပရိသတ်များ အသေအချာ သိရှိ စေလိုသည့် ဆန္ဒရှိနေပြီး ပစ် ၏ ဇနီးဟောင်း ဂျနီဖါ အက်ရှ်နစ္စတန်နှင့် သူမတို့ကြား မပြေလည်မှုများ ကိုပါ စာအုပ်အတွင်း ထည့်သွင်း ရေးသားဖွယ် ရှိသည်ဟု ဟောလီးဝုဒ် အသိုင်းအဝိုင်းတွင် ထင်ကြေးပေး နေကြသည်။

ပစ်နှင့် ဂျိုလီတို့သည် Mr & Mrs Smith ဇာတ်ကားအတွင်း ဇာတ်လမ်း စခဲ့ခြင်း ဖြစ်သည်ဟု လူပြောများနေပြီး လက်ရှိအချိန်တွင် သူမတို့ စုံတွဲသည် မွေးစား ကလေးငယ် (၃)ဦးနှင့် သားသမီး အရင်း (၃)ဦး၊ စုစုပေါင်း ကလေး(၆)ဦးထိ ရရှိ ထားပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here