အယ်လ်ကိုင်းဒါးက ဗြိတိန်ကိုပါ ခြိမ်းခြောက် လာပြီလော!

alt

Online တွင် ပြန့်နှံ့လျှက်ရှိသော အယ်လ်ကိုင်းဒါး၏ ခြိမ်းခြောက်မှု Video Clip ကြောင့် ဗြိတိန် အစိုးရ အနေနှင့် သတိထား လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်လျှက် ရှိသည်။

အယ်လ်ကိုင်းဒါး တို့သည် YouTube ဆိုဒ်ပေါ်တွင် ဗြိတိန်အလံနှင့် အစ္စရေး နိုင်ငံ အလံများကို ပစ်မှတ်အဖြစ် သေနတ်ဖြင့် ပစ်ခတ်ထားသည့် Video  များ လွှင့်တင် ထားခဲ့ပြီးနောက် ဗြိတိန် အစိုးရသည် အယ်လ်ကိုင်းဒါး တို့၏ အနေအထားအား အထူး အာရုံစိုက် လာနေပြီ ဖြစ်သည်။ တနေ့လျှင် လူသန်း (၁၀၀) ခန့် ကြည့်ရှုနေသည့် အဆိုပါ Video Clip အား အယ်လ်ကိုင်းဒါး တို့၏ အမုန်းစာရင်း အတွင်း အမေရိကန်၊ အစ္စရေးတို့ နည်းတူ ဗြိတိန်ပါ စာရင်းဝင် ခဲ့ပြီဆိုသော အဓိပ္ပါယ်လ ဲဖြစ်ကြောင်း ဗြိတိန်မှ အကြမ်းဖက် ဆန့်ကျင်ရေး ပညာရှင်များက သတိ ပေးလိုက်သည်။

အိုစမာ ဘင်လာဒင် ဦးဆောင်သော အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့သည် ကမာ္ဘပေါ်တွင် အသေသပ်ဆုံး၊ စနစ်တကျ အရှိဆုံး အကြမ်းဖက် အသင်းအဖွဲ့ ဖြစ်ပြီး အမေရိကန်၏ ကမာ္ဘ့ကုန်သွယ်မှု ဗဟိုဌာန အဆောက်အအုံ နှစ်ခုကို လေယာဉ်ပျံများ အပိုင်စီးပြီး ငါးကြင်းဆီဖြင့် ငါးကြင်းကြော်ပြ၍ ဖျက်ဆီးခဲ့သည့် ကမာ္ဘကျော် (၉/၁၁) ဖြစ်ရပ်ကြီး ကို အဓိက ကြိုးကိုင် ချယ်လှယ်ခဲ့သူများ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here