၀ီလျံမောရစ် အေဂျင်စီ နှင့် မီဒီယာ လောကထဲ ဝင်လာသည့် ကွန်ဒိုလီဇာရိုက်စ်

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကွန်ဒိုလီဇာ ရိုက်စ်သည် ၀ီလျံမောရစ် အေဂျင်စီ နှင့် အလုပ် လုပ်ရန် အတွက် သဘောတူ စာချုပ် ချုပ်ဆို လိုက်ပြီဟု အေဂျင်စီက သတင်း ထုတ်ပြန်လိုက်သည်။

 စတန်းဖို့ဒ် တက္ကသိုလ်မှ ပရော ်ဖက်ဆာဟောင်း ရိုက်စ်သည် ယခင် ကတည်းက ဘုရှ်၏ အကြံပေး အဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင်မူ အမေရိကန်၏ နိုင်ငံခြားရေး ၀န်ကြီး တာဝန်ကိုပါ ထမ်းဆောင် ခဲ့ရသည်။ ယခု အခါတွင် အိုဘားမား သမတ ဖြစ်လာ ပြီးနောက် သူမ၏ တာဝန်မှလည်း နှုတ်ထွက်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း သမတဘုရှ် လက်ထက်က အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သော အေဂျင်စီမှ အခြားသော အဖွဲ့ဝင်များက ရိုက်စ်သည် နိုင်ငံတဝှမ်းရှိ အေဂျင်စီများ၏ ဈေးကွက် အားသာမှု အားလုံးကို သိရှိထားပြီး ဖြစ်နေသောကြောင့် ၀ီလျံမောရစ်က ပြန်လည် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ၀ီလျံမောရစ်သည် စာအုပ်ထုတ်ဝေခြင်းကို အဓိကအလေးထား ဆောင်ရွက်ပေးနေသော်လည်း အခြားသော မီဒီယာ၊ အားကစားနှင့် ဆက်သွယ်ရေးဆိုင်ရာ နယ်ပယ် များတွင်လည်း ဩဇာအာဏာ ကြီးမားသော အဖွဲ့အစည်း တခုဖြစ်သည်။ ယခုအခါတွင် အေဂျင်စီ၏ လုပ်ငန်း ဆောင်တာများအတွက် ရိုက်စ် ပါ၀င်လာတော့မည် ဖြစ်သည့်အတွက် အားတက်မိကြောင်း အေဂျင်စီ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန် ကြေငြာ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here