နှစ်ကြိမ် ကျမ်းကျိန်ရသော သမတ အိုဘားမား

alt

အမေရိကန် သမတ ဘာရက် အိုဘားမားသည် နှစ်ကြိမ် ကျမ်း ကျိန်ရသော တတိယမြောက် သမတ ဖြစ်လာခဲ့ကြောင်း သိရှိ ရသည်။

 ဇန်နဝါရီလ (၂၀) ရက်နေ့က အမေရိကန် ပြည်သူ (၂)သန်း၏ ရှေ့မှောက်တွင် ကျမ်းကျိန်ခဲ့သော အမေရိကန်၏ (၄၄) ဦးမြောက် သမတသည် အိမ်ဖြူတော် မူဝါဒ ဆွေးနွေးခန်းတွင် တရားသူကြီးချုပ် ဂျွန် ရောဘတ်စ်ရှေ့  နောက်တကြိမ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

ပျော်ရွှင်မှု သက်သက်သာ ဆောင်ရွက်ခဲ့သည့် ထိုပွဲလေးတွင် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခြင်း မရှိသလို သမ္မာကျမ်း စာအုပ်ကို ကိုင်တွယ် ကျိန်ဆိုခြင်းလည်း မရှိခဲ့ပေ။ အိမ်ဖြူတော် ၀န်ထမ်း အနည်းငယ်ရှေ့တွင် ထပ်မံပြုလုပ်ခဲ့သည့် အမှတ်တရ ပွဲလေးအတွက် အိုဘားမားနှင့် မိသားစု ကလည်း ကျေနပ် ပျော်ရွှင်ခဲ့ကြသည်။

စည်းကမ်းအရ Capitol တွင် ကျမ်းကျိန်ပြီး နောက်တစ်ရက်တွင် အိမ်ဖြူတော်အတွင်း ကျမ်းကျိန်ရန် သတ်မှတ် ထားသော်လည်း သမတ အဆက်ဆက်သည် အရေးသိပ်မကြီးသဖြင့် အဆိုပါ အစဉ်အလာကို လျစ်လျူရှုခဲ့ကြသည်။ အိုဘားမားကမူ နောက်တကြိမ် ကျမ်းကျိန်ရန် တောင်းဆိုခဲ့ကြောင်း တရားသူကြီးချုပ်က ပြောကြားခဲ့ပြီး အိမ်ဖြူတော် ၀န်ထမ်းများရှေ့တွင် (၂၅)စက္ကန့်မျှ ကြာမြင့်သော ကျမ်းကျိန်မှုကို အမှတ်ထင်ထင် ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

LEAVE A REPLY

Please enter your comment!
Please enter your name here