လက်ဖက်ရည် သောက်ခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ လျှော့နည်းစေ

alt

တစ်နေ့လျှင် လက်ဖက်ရည် (၃)ခွက်မျှ သောက်သုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေကြောင်း သိရှိရသည်။

လေ့လာမှုများအရ အသက်(၅၀)အောက် အမျိုးသမီးများ၏ ရင်သား အကြိတ်တည်မှုမှာ လက်ဖက်ရည် (၃)ခွက် နေ့စဉ် သောက်ခြင်းဖြင့် (၃၇)ရာခိုင်နှုန်းထိ ကျဆင်းသွားစေကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ပညာရှင်များက လက်ဖက်ရည်တွင် ကင်ဆာရောဂါ တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများ ပါ၀င်သည်ဟု ယုံကြည်နေပြီး အထူးသဖြင့် အကြိတ် ဖြစ်ပေါ်စေသော ကင်ဆာ အမျိုးအစားများ အတွက် ပိုမို ထိရောက်မှု ရှိကြောင်း သုံးသပ် ထားကြသည်။

ဒေါက်တာ နာဂီကူမာ ဦးဆောင်သော အမေရိကန် ဆရာဝန်တစုသည် အသက်(၂၀)မှ (၇၄)နှစ်ကြား အမျိုးသမီး (၅၀၀၀)ကို လေ့လာမှုများ ပြုလုပ်ပြီးနောက် ယခု တွေ့ရှိချက်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့ရှိ မောဖစ် ကင်ဆာစင်တာမှ ဆရာဝန်များသည် စနစ်တကျ လေ့လာမှုများ ပြုလုပ်ခဲ့ပြီး လက်ဖက်ရည်၏ အာနိသင်သည် ရင်သား အတွင်းပိုင်းတွင် အဖြစ်များသည့် Lobular အမျိုးအစား ကင်ဆာအတွက် ပိုမိုကောင်းမွန်ပြီး ထိုကင်ဆာမျိုး ဖြစ်ပွားနိုင်ခြေ (၆၆) ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်း ပြောကြားခဲ့သည်။ Lobular ကင်ဆာသည် ထောက်လှမ်းတွေ့ရှိနိုင်ရန် ခက်ခဲတတ်ပြီး ရောဂါရင့်လာမှသာ သိရှိတတ်သဖြင့် လက်ဖက်ရည် ပုံမှန်မှီဝဲသော အလေ့အကျင့်ကို ပြုလုပ်ကြရန် အမျိုးသမီးများအား အဆိုပါ ဆရာဝန်အဖွဲ့က တိုက်တွန်းထားသည်။ စာရင်းများအရ ဗြိတိန်တွင် တနှစ်လျင် အမျိုးသမီးဦးရေ (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here