အရေးပေါ် ဆင်းသက်ခဲ့ရသည့် လေယာဉ် အင်ဂျင်အတွင်းမှ ငှက်သေများတွေ့

alt

ဇန်နဝါရီလ (၁၅)  ရက်နေ့က အမေရိကန် နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ လာဂွာဒီးယား လေဆိပ်အနီး ဟတ်ဒ်ဆန် မြစ်ထဲသို့ အရေးပေါ် ဆင်းသက် ခဲ့ရသည့် လေယာဉ်ကြီး၏ အင်ဂျင် အတွင်းမှ ငှက်သေ အပိုင်းအစ များကို ရှာဖွေတွေ့ ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

 Airbus A-320 လေယာဉ်ပျံကြီးကို ဇန်နဝါရီလ (၁၇) ရက်နေ့က မြစ်ထဲမှ ပြန်လည် ဆယ်တင်ပြီး အမျိုးသား ပို့ဆောင်မှု လုံခြံုရေးဆိုင်ရာ အဖွဲ့ကြီးက အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ သက်ရှိ သတ္တဝါ အပိုင်းအစ များကို အင်ဂျင်အတွင်းမှ ထုတ်ယူ နိုင်ခဲ့ကြောင်း၊ ငှက်များ၏ ရုပ်ကြွင်းဟု ယုံကြည် ရဖွယ်ရှိကြောင်း ပညာရှင်များက ဆိုသည်။

ဇန််နဝါရီလ (၂၂)ရက်နေ့က ထုတ်ပြန်ခဲ့သော အဆိုပါ ကြေငြာချက်ကြောင့် လေယာဉ်မှူး ချက်စလီ အတွက် ပိုမို ဂုဏ်တက်စရာ ဖြစ်လာခဲ့သည်။ ၎င်းအနေနှင့် ငှက်အုပ် တအုပ်ကို တွေ့ရှိမိပြီး မကြာမီမှာပင် လေယာဉ် အင်ဂျင်တွင် ညှော်နံ့ထွက်နေကြောင်း အာရုံမှ လှုံ့ဆော် သိရှိပြီးနောက် အင်ဂျင်ကို ပိတ်ကာ မြစ်အတွင်း ထိုးဆင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ကြိုတင် ပြောကြား ထားခဲ့ပြီး ယခုအခါတွင် ငှက်သေဟု ယုံကြည်ရသည့် အစိတ်အပိုင်းများ တွေ့ရှိလာသဖြင့် ၎င်း၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့ကြောင်း သေချာနေခဲ့သည်။ ယခုအခါတွင် ထိုအပိုင်း အစများသည် မည်သည့် ငှက်မျိုးဖြစ်ကြောင်း DNA စစ်ဆေးရန် ပြင်ဆင်နေကြပြီဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here