မယ်လမင်းဓါတ်ပါ နို့မှုန့် ဖြန့်ဖြူးရောင်းချသူ နှစ်ဦးအား သေဒါဏ်ချမှတ်

alt

 ကလေးငယ်များ နာမကျန်းဖြစ်ပြီး သေကြေမှုများထိ ဖြစ်ပေါ်စေခဲ့သည့် မယ်လမင်းဓာတ်ပါ နို့မှုန့်များ ဖြန့်ဖြူးရောင်းချသူ နှစ်ဦးကို တရုတ်နိုင်ငံ တရားရုံးတခုက သေဒါဏ်ချမှတ်လိုက်သည်။

 အဆိပ်အတောက် ဖြစ်စေသည့် မယ်လမင်းဓာတ် လွန်ကဲနေသော နို့မှုန့်များကြောင့် ကလေးငယ်(၆)ဦး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ကျန်းမာရေး ချို့တဲ့ခဲ့ရသည်။ တရုတ်နိုင်ငံ၏ အကြီးမားဆုံး နို့မှုန့်ကုမ္ပဏီကြီးဖြစ်သော ဆန်လူမှာမူ ထိပ်တန်းကုမ္မဏီ ဒါရိုက်တာများ သေဒါဏ်မှ လွတ်မြောက်သွားသော်လည်း ဒါဏ်ကြေးအဖြစ် ပေါင်စတာလင် (၂)သန်းပေးချေရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။ အဆိုပါ နို့မှုန့်လုပ်ငန်းရှင်နှစ်ဦးကို သေဒဏ်ချမှတ်မှုအား တရုတ်ပြည်၏ ကွန်မြူနစ်ပါတီ အကြီးအကဲများက အတည်ပြုခဲ့ပြီး ထိုသူများသည် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ကမာ္ဘ့အလယ်တွင် ကျဆင်းအောင် မတော်လောဘဖြင့် ကြံဆောင်ခဲ့ကြောင်း စီရင်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

alt

ထိုဖြစ်ရပ်အတွက် တရုတ်နို့မှုန့်များ တင်သွင်း နေမှုကို နိုင်ငံတကာမှ ပိတ်ဆို့ တားဆီးမှုများ ပြုလုပ်ခဲ့ကြပြီး ဈေးကွက် အတွင်းမှ တရုတ် နို့မှုန့်များကိုလည်း လိုက်လံ သိမ်းဆည်း ခဲ့ကြသည်။

ဆန်လူ ကုမ္ပဏီကမူ နို့မှုန့်အတွင်း မယ်လမင်း အဆိပ်များ ပါ၀င်နေသည်ကို သိရှိသော်လည်း ချက်ချင်း လိုက်လံ သိမ်းဆည်းရန် ပျက်ကွက် ခဲ့မှုကြောင့် ယခုကဲ့သို့ ဒါဏ်ငွေ ချမှတ် ခံရခြင်း ဖြစ်သည်။ သေဒါဏ်ကျခံရသူ နှစ်ဦးတို့မှာ မယ်လမင်းပါ နို့မှုန့်တန်ချိန်(၆၀၀) ရောင်းချခဲ့သော ဇန်ယူဂျန်း နှင့် ဆိုင်များသို့ လိုက်လံဖြန့်ဖြူးခဲ့သူ ဂျန်ဂျီပင်း တို့ဖြစ်ကြောင်း သိရသည်။ တရုတ်အာဏာပိုင်များ၏ အတည်ပြုချက်အရ မယ်လမင်းပါသော နို့မှုန့်များကြောင့် အဆိပ်သင့်ပြီး ကျောက်ကပ်ထိခိုက်မှု ကြုံတွေ့ရသူ ကလေးဦးရေမှာ (၂၉၄,၀၀၀)ကျော်ထိ ရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here