တရုတ် အစိုးရ သတင်းစာက ဘုရှ် နှင့် အိုဘားမားကို ဝေဖန်တိုက်ခိုက်

alt

တရုတ်နိုင်ငံ အစိုးရပိုင် China Daily သတင်းစာက အမေရိကန် သမတ အိုဘားမား နှင့် ဘုရှ် တို့အား ဝေဖန် တိုက်ခိုက် ပြောဆို လိုက်သည်။

 အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော အဆိုပါ သတင်းစာတွင် အမေရိကန် သမတများသည် ၎င်းတို့ နိုင်ငံမှာ ကမာ္ဘ့ ခေါင်းဆောင် နေရာကို ရယူထားကြောင်း အမြဲတမ်း အရှက်မရှိ ပြောဆို နေကြသည် ဟု ရေးသား ထားသည်။ ကွန်မြူနစ် ပါတီ အနေနှင့် အိုဘားမား၏ မိန့်ခွန်းအတွင်း ပါရှိခဲ့သော ကွန်မြူနစ်ဝါဒ ဆိုသည့် စကားလုံးကို ဆင်ဆာ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သလို အမေရိကန် ဘက်သို့ မီဒီယာအားဖြင့် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး ပြုလုပ်လာရခြင်း ဖြစ်သည်။

အမေရိကန်သည် ကမာ္ဘပေါ်တွင် အကြီးကျယ်ဆုံး လူမျိုးများ အဖြစ် အမေရိကန် ခေါင်းဆောင်တိုင်းက အထင်ရောက် နေကြောင်း သတင်းစာက စွပ်စွဲထားသည်။ ထို့အပြင် အိုဘားမား အနေနှင့် ကမာ္ဘ့ ကောင်းကျိုးကို အမှန်တကယ် ဖော်ဆောင်နိုင်မည့် ခေါင်းဆောင်တဦး ဟုတ် မဟုတ် ဆိုသည်မှာ မိန့်ခွန်း ပြောနေရုံဖြင့် မလုံလောက်ဘဲ လက်တွေ့တွင် ဘာလုပ်ပြမည်ကို စောင့်ကြည့်ရမည်ဟု China Dailyက ရေးသား ထားသည်။ အိုဘားမားကို အမှန်တကယ် သမတ ဖြစ်လာစေသည်မှာ ၎င်း၏ အရည်အသွေးထက် ကမာ္ဘ့ စီးပွားပျက်ကပ် ဖြစ်ပွားလာသည်က အဓိကကျသော အကြောင်းရင်း ဖြစ်ကြောင်း၊ အမေရိကန် သမတသစ်သည် အင်အားကြီး နိုင်ငံတစ်ခု၏ ခေါင်းဆောင် ဖြစ်လာရုံနှင့် ကမာ္ဘ့ခေါင်းဆောင်ကြီး ဖြစ်လာပြီဟု ထင်နေခြင်းသည် အခြေအမြစ် လုံးဝမရှိကြောင်း သတင်းစာတွင် ရေးသား ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here