အယ်လ်ကိုင်းလ်ဒါးဟု သံသယ ရှိသူများကို ဖမ်းဆီး

alt

ပါကစ္စတန်နိုင်ငံက အယ်လ်ကိုင်းလ်ဒါး စစ်သွေးကြွ များဟု ယူဆရသူ (၇)ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်သည်။

 နိုင်ငံ အနောက်မြောက်ပိုင်း ဖရော်တီနာ ခရိုင်တွင် ဖမ်းဆီး ရမိသူများ အနက် တဦးမှာ ဇာဘီ အယ်လ်တာဖီဟု အတည်ပြု နိုင်ခဲ့ပြီး ၎င်းသည် (၂၀၀၅) ခုနှစ်၊ ဇူလိုင်လ အတွင်း ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ မြေအောက် ရထားလမ်း တခုတွင် ဗုံးခွဲမှုအတွက် မသင်္ကာသူ စာရင်းတွင် ထိပ်ဆုံးမှ ပါ၀င်နေသူဖြစ်သည်။

ယခုလုပ်ဆောင်မှုသည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံ များကြား စစ်သွေးကြွများကို တိုက်ခိုက်မှုဖြင့် အမေရိကန်နှင့် ဆက်ဆံရေး အနည်းငယ် မပြေမလည် ဖြစ်နေသော ပါကစ္စတန်၏ အနောက် အုပ်စုများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် အတွက် ပြန်လည် လက်တွဲ လာခဲ့သည့် ပထမဆုံး ခြေလှမ်း တရပ်လည်း ဖြစ်သည်။ တာဖီသည် ဆော်ဒီလူမျိုး တဦးဖြစ်ပြီး ဖမ်းဆီးမိသူများ အနက် နောက်ထပ် အနည်းဆုံး နှစ်ဦးသည် အာရပ်များ ဖြစ်ကြောင်း ပါကစ္စတန် အာဏာပိုင်များက BBCသို့ ပြောကြားခဲ့သည်။

၎င်းတို့အား အာဖဂန်နယ်စပ်တွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး အမေရိကန်ထောက်ပံ့ရေး ကုန်တင်ကားများကို တိုက်ခိုက်ရန် အစီအစဉ်များ ချမှတ်နေခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ယုံကြည်ရသည်။ ပါကစ္စတန်၏ ယခုဖမ်းဆီးမှုကို အမေရိကန်က ကြိုဆိုလိုက်ပြီး အမေရိကန် ထောက်လှမ်းရေး ကလည်း ပါကစ္စတန် ထောက်လှမ်းရေး၏ တိကျမှုကို ချီးကျူး ပြောကြားခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here