ဂွာတာနာမို ပင်လယ်အော် မှ လွတ်မြောက် အကျဉ်းသား ယီမင် အယ်လ်ကိုင်းဒါးနှင့် ပေါင်းမိ

alt

ဂွာတာနာမို အကျဉ်းထောင်ကြီးမှ ပြန်လည် လွတ်မြောက်လာသူ တဦးသည် ယီမင်နိုင်ငံရှိ အယ်လ်ကိုင်းဒါး အကြမ်းဖက် အုပ်စုနှင့် ပြန်လည် ဆက်သွယ် ပေါင်းစည်း သွားကြောင်း သိရှိရသည်။

 ထောင်ကြီး ထဲတွင် (၆)နှစ်ကြာ နေခဲ့ရသည့် ဆော်ဒီ အာရေးဘီယား လူမျိုး အလီ အယ်လ်ရှီဟရီ သည် အဖွဲ့နှင့် ပြန်လည် ပေါင်းစည်းမိပြီဟု အယ်လ်ကိုင်းဒါး တို့က အင်တာနက်တွင် လွှင့်တင်ခဲ့သည်။ ၎င်းတို့ အနေနှင့် ယီမင်ရှိ အယ်လ်ကိုင်းဒါး အဖွဲ့ခွဲတွင် ခေါင်းဆောင်တဦး အဖြစ် နေရာပေး ချီးမြှောက် ခံရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဂွာတာနာမိုတွင် အကျဉ်းသားအမှတ် (၃၇၂)ဖြင့် ကျခံခဲ့ရသည့် အယ်လ်ရှီ ဟရီသည် ဆော်ဒီကို စွန့်ခွာပြီး ညီအစ်ကိုတော် အယ်လ်ကိုင်းဒါး တို့နှင့် ပေါင်းစည်း နိုင်ခဲ့ပြီဟု အဆိုပါအဖွဲ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ယီမင် အဖွဲ့ခွဲတွင် ဒုတိယ ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ယီမင် အစိုးရသည် အမေရိကန်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာမိတ်အဖြစ် ရပ်တည်နေပြီး အယ်လ်ရှီ ဟရီသည် (၂၀၀၀)ခုနှစ် အတွင်းက အဒန် ပင်လယ်ကွေ့တွင် ဗုံးထောင်မှုကြောင့် အမေရိကန် သင်္ဘောသား (၁၇)ဦး သေဆုံးခဲ့မှု အတွက် သင်္ကာမကင်း ဖြစ်ခြင်း ခံရသော်လည်း သက်သေ မခိုင်လုံသဖြင့် ထိုအမှုဖြင့် စွဲချက် တင်မခံရချေ။ ဂွာတာနာမို အကျဉ်းထောင်ကြီးတွင် လက်ရှိ အချိန်ထိ ယီမင် အကျဉ်းသားဦးရေ (၁၀၀) နီးပါးထိ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here