ကမာ္ဘ့ပထမဆုံး ကွန်ပြူတာ တီထွင်သူများကို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်

alt

ကမာ္ဘ့ ပထမဆုံးသော ခေတ်မီ ကွန်ပြူတာတလုံးကို လွန်ခဲ့သည့် နှစ်ပေါင်း (၆၀)ကျော်က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့ သုတေသန စမ်းသပ်ခန်း တခုတွင် အောင်မြင်စွာ တပ်ဆင် နိုင်ခဲ့သည်။

 ပထမဆုံးသော Memory မှတ်ဉာဏ်စနစ် ပါရှိလာသည့် အဆိုပါ ကွန်ပြူတာသည် Program တခုကို သိမ်းဆည်း ထားနိုင်သည့် အယင် ဦးဆုံး အောင်မြင်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 128bytes ပမာဏရှိသော Memory ကို တပ်ဆင်ထားပြီး အလေးချိန် တတန်ရှိသော ကွန်ပြူတာသည် ညွှန်ကြားချက် တခုကို အောင်မြင်စွာ Run နိုင်ခဲ့သည်။ ထိုနေ့ကား ကွန်ပြူတာ သမိုင်းအတွက် အထင်ကရ နေ့တနေ့ပင် ဖြစ်ပြီး (၁၉၄၈)ခုနှစ်၊ ဇွန်လ(၂၁)ရက် နေ့တွင် Baby ဟု အမည်ပေး ထားသည့် ကမာ္ဘ့ပထမဆုံး ကွန်ပြူတာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။

BBC သတင်းဌာနက အောက်မေ့ဖွယ် ထိုအောင်ပွဲအတွက် ပါ၀င်ခဲ့သည့် သိပ္ပံပညာရှင် တဦးဖြစ်သော ဂေါ့ဖ်တူးတီးလ်ကို သွားရောက် မေးမြန်းခဲ့ရာ ထိုအချိန်က ခံစားမှုသည် ပြောမပြ နိုင်လောက်အောင် ပျော်ရွှင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ၀န်ခံခဲ့သည်။ ဂုဏ်ယူစိတ်နှင့် အတူ စားသောက်ဆိုင်သို့ သွားကာ နေ့လည်စာကို ပျော်ပျော်ပါးပါး စားသောက် ခဲ့ကြကြောင်း တူးတီးလ်က သတိတရ ပြန်လည် ပြောပြခဲ့သည်။

ယခုအခါတွင် တူးတီးလ်နှင့် အသက်ရှင် ကျန်ရှိနေဆဲဖြစ်သည့် အခြားသော ပညာရှင်(၃)ဦးကို မန်ချက်စတာမြို့ရှိ ဗြိတိန် ကွန်ပြူတာ အဖွဲ့အစည်းများက အခမ်းအနား တရပ်ဖြင့် ဂုဏ်ထူးဆောင်ဆု ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ယခုတော့လည်း Baby ၏ မျိုးဆက်သစ် ကွန်ပြူတာများသည် ကမာ္ဘအရပ်ရပ်ရှိ လုပ်ငန်းဆောင်တာ တိုင်းအတွက် မရှိမဖြစ်ဟု ဆိုနိုင်လောက်သော စက်ကိရိယာများအဖြစ် သတ်မှတ် ခံနေရပေပြီ။ တူးတီးလ်က လက်ရှိကွန်ပျူတာ စနစ်များကို တွေ့မြင်ရတိုင်း Baby အတွက် ကြည်နူးမိကြောင်း ပြောကြားသွားသည်။ ယခုအခါတွင် Baby ကို မန်ချက်စတာရှိ သိပ္ပံ မော်ကွန်းပြတိုက် အတွင်း ခမ်းနားစွာ ပြသထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here