မြန်မာ ဒုက္ခသည်များကို ခိုလှုံခွင့်ပေးရေး ထိုင်းဝန်ကြီးချုပ် ငြင်းဆို

alt

မြန်မာနိုင်ငံမှ တဆင့် လှေငယ်များဖြင့် ရောက်ရှိလာသော ဒုက္ခသည် (၁၂၆)ဦးကို နိုင်ငံအတွင်း ခိုလှုံခွင့် ပေးရန် ထိုင်းအစိုးရက ငြင်းဆန် လိုက်သည်။

 ကုလသမဂ္ဂက မြန်မာ ဒုက္ခသည်များကို လက်ခံထား ပေးရန် ကူညီ ပန်ကြား ပေးသည့်တိုင် ၀န်ကြီးချုပ် အဘီဆစ်က ဇန်နဝါရီလ (၂၁)ရက် နေ့တွင် အဆိုပါ တောင်းဆိုမှုကို ငြင်းဆိုခဲ့သည်။ ထိုု့ကြောင့်လည်း ထိုင်းစစ်တပ်က ဒုက္ခသည်များကို ပင်လယ်အတွင်းသို့ လှေငယ်များဖြင့် ပြန်လည် ထွက်ခွာရန် မောင်းထုတ်ခဲ့ကြခြင်း ဖြစ်သည်။ အလုပ်အကိုင် ရရှိမည်ဟူသော အယုံသွင်းမှုများကို နားယောင်ပြီး ထိုင်းနိုင်ငံသို့ ဒုက္ခသည်များ ၀င်ရောက် လာကြကြောင်း၊ အလုပ်အကိုင ်ရှာဖွေရေး အေဂျင်စီများနှင့် တရားဝင် ဆက်သွယ်မှု မရှိသေးဘဲ မည်သို့မျှ အလုပ်သမားသစ်များကို လက်မခံ နိုင်ကြောင်း၊ ၎င်းအနေနှင့် ထိုင်းနိုင်ငံတော်၏ အတည်ပြုထားသော ဥပဒေများ အတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အဘီဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုအခြေအနေကို ကုလသမဂ္ဂ အနေနှင့် နားလည်ပေးမည်ဟု မျှော်လင့်ကြောင်း၊ ထိုသူများကို လက်ခံထားလျှင် တိုင်းပြည် အတွင်း မလိုလား အပ်သော ပြဿနာများ ပေါ်ပေါက် လာနိုင်သဖြင့် ယခုလို ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း အဘီဆစ်က ဖြည့်စွက် ပြောဆိုသွားသည်။ ထိုင်းနိုင်ငံ၏ ငြင်းဆိုမှုအပေါ်  ကမာ္ဘတဝှမ်းမှ လူ့အခွင့်အရေး အဖွဲ့အစည်းများက စိတ်ပျက်နေကြပြီး မြန်မာများကို ပင်လယ်အတွင်း ပြန်လွှတ် လိုက်ခြင်းသည် သေလမ်းကို ရွေးခိုင်းလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်လျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here