ဆွီဒင်တွင် လိင်တူခြင်း တရားဝင် လက်ထပ်ခွင့် ရလာဖွယ်ရှိ

alt

ဆွီဒင်အစိုးရသည် လာမည့် မေလဆန်းမှ စပြီး နိုင်ငံအတွင်း လိင်တူခြင်း လက်ထပ်ရန် တောင်းဆို နေမှုအား ခွင့်ပြု သွားဖွယ် ရှိကြောင်း သိရသည်။

 အဓိက နိုင်ငံရေးပါတီ (၄)ခုအနက် (၃)ခုက လိင်တူခြင်း ထိမ်းမြားခွင့်ကို ထောက်ခံ နေကြသောကြောင့် လာမည့် မေလ(၁)ရက် နေ့မှစပြီး ထိုကိစ္စအား အတည်ပြုပေး သွားဖွယ်ရှိသည်။ ကွန်ဆာ ဗေးတစ်များ၊ လစ်ဘရယ် များနှင့် ဗဟို ပါတီဝင် များသည် လိင်တူခြင်း လက်ထပ် ခွင့်ကို သဘောတူညီ နေကြပြီး ခရစ်ယာန် ဒီမိုကရက် တို့ကသာ မသင့်လျော်ဟူသော အမြင်မျိုး ရှိနေကြသည်။

ထို့ကြောင့်လည်း လက်ရှိ ပြဌာန်း ထားသော ထိမ်းမြားခြင်း ဥပဒေ၏ လက်ထပ်သူ နှစ်ဦးအနက် တဦးသည် အမျိုးသားဖြစ်ပြီး နောက်တဦးက အမျိုးသမီးဖြစ်ရမည်ဆိုသော အချက်ကို ပယ်ဖျက် ပေးသွားဖွယ်ရှိသည်။ မူလက လိင်တူခြင်း လက်ထပ်ခွင့်ကို ရိုးရာနည်းအတိုင်း ထိမ်းမြားရန် ခွင့်ပြုထားပြီး ဘုရားကျောင်းတွင် လက်ထပ်ရန်မူ တရားဥပဒေအရ ခွင့်မပြုခဲ့ပေ။ ထိုတားမြစ်မှုသည် လူသားများ၏ လွတ်လပ်ခွင့်ကို ထိပါးခြင်းဖြစ်ပြီး လိင်တူခြင်း ချစ်ခင် မြတ်နိုးသူများကို လူမှုရေး အရ နှိမ်ထားခြင်း ဟု အတိုက်ခံများက ရှုမြင်နေကြသည်။

လက်ရှိ အနေအထားအရမူ လိင်တူခြင်း လွတ်လပ်စွာ လက်ထပ်ခွင့် ဥပဒေအား ပြဌာန်းနိုင်မည့် ဘက်မှ အလွန် အလေးသာ နေပြီဖြစ်သည်။ ဆွီဒင်လူဦးရေ၏ (၇၄)ရာခိုင်နှုန်းက ကိုးကွယ် ကြည်ညိုနေသည့် လူသာရန် ဘုရားကျောင်း ကဲ့သို့ ဘာသာရေး အဖွဲ့အစည်း များက လက်ထပ်သည် ဆိုသော အသုံးအနှုန်းသည် ယောက်ျားနှင့် မိန်းမ စုံတွဲများ အတွက်သာဟု ကြေငြာထားပြီး လူ့အခွင့်အရေးအဖွဲ့ များကမူ ထိုကန့်သတ်ချက်ကို ဝေဖန် နေကြကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here