ဂွာတာနာမို ပင်လယ်အော် အကျဉ်းစခန်း ပိတ်သိမ်းမည့် အိုဘားမား၏ ဆုံးဖြတ်ချက် ကမ္ဘာတဝှမ်းမှ ကြိုဆို

alt

အမေရိကန် သမတ အိုဘားမားက ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့မှုအပေါ် တကမာ္ဘလုံးက ကြိုဆို ခဲ့ကြသည်။

 ကျူးဘားတွင် ဖွင့်လှစ်ထားသော အမေရိကန် စစ်အကျဉ်းစခန်းတွင် စစ်ရာဇဝတ်သားများကို ဖမ်းဆီး ချုပ်နှောင်ထားပြီး ရက်စက်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ထိုအကျဉ်း စခမ်းအား အိုဘားမားသည် သမတ အဖြစ် ကျမ်းမကျိန်မီ ကတည်းက ဂွာတာနာမို ထောင်ကြီးအား ပိတ်ပစ်မည်ဟု ကတိပြုထားပြီး ၎င်း အာဏာ ရလာသည်နှင့် အဆိုပါ ကတိကို အကောင်အထည် ဖော်ရန် ကြိုးပမ်းခြင်းအား ပြသသော အနေဖြင့် ယမန်နေ့က  ပိတ်သိမ်းရန် လက်မှတ်ထိုးခြင်း ဖြစ်သည်။

ယခုအခါတွင် အကျဉ်းထောင်ကြီးအား တနှစ်အတွင်း ပိတ်သိမ်းရန် အမိန့်ကို အိုဘားမားက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ဂျော့ဘုရှ် လက်ထက်က ဖွင့်လှစ်ခဲ့သော ထောင်ကြီး၏ နောက်ဆုံး နေ့ရက်များသို့ ရောက်ရှိ လာတော့မည ်ဖြစ်သည်။ အိုဘားမား၏ ဆုံးဖြတ်ချက်ကို တကမာ္ဘလုံးမှ လူသားချင်း စာနာမှု အဖွဲ့များနှင့် ကုလသမဂ္ဂတို့က ချီးကျူးခဲ့ပြီး တရားမျှတသည့် လုပ်ရပ်တခုဟု ပြောကြားခဲ့ ကြသည်။ အမေရိကန် CIA မှ ထိန်းသိမ်း ထားသူများ၊ စစ်အကျဉ်းသားများကို ဖမ်းဆီးထားသည့် ထိုအကျဉ်း စခန်းကြီးသည် ခေတ်သစ် ငရဲခန်း တခုအဖြစ် ထင်ရှားနေပြီး ဘုရှ်အစိုးရ လက်ထက်ကမူ ထိုထောင်ကြီးကို ပိတ်သိမ်းရန် ငြင်းဆိုနေခဲ့သည်။

အိုဘာမား၏ အကြီးတန်း ရုံးအဖွဲ့သည် သမတ ၏ လက်မှတ် ရေးထိုးထားသော အမိ်န့်စာကို အကျဉ်းစခန်း အာဏာပိုင်များ ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်သလို ထောင်ကြီး အမြန်ဆုံး ပိတ်နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင်မူ အိုဘားမားက အမေရိကန် အနေနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးကို လိုလားသောကြောင့် အကြမ်းဖက်သမားများကို လူသားများကဲ့သို့ မဆက်ဆံသည့် အဆိုပါထောင်ကြီးကို ဆက်လက်ထားရှိရန် မလိုလားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here