ဖက်ရှင် ကျတဲ့ မစ်ရှယ်လ် အိုဘားမား

alt

အမေရိကန် သမတအဖြစ် ကျမ်းကျိန်ပွဲတွင် အိုဘားမား ကတော် မီရှဲလ် အိုဘားမား ၀တ်ဆင် ထားသော ဒီဇိုင်းမှာ အလွန် ဖက်ရှင်ကျကြောင်း ဖက်ရှင် ပညာရှင်များက ချီးကျုး ခဲ့ကြသည်။

 ရွှေရောင် လက်နေသော ၀တ်စုံကို အစိမ်းရောင် သားရေပျော့ လက်အိတ်နှင့် တွဲဖက် ၀တ်ဆင်ထားသော အိုဘားမားကို ဖက်ရှင်ကျသော သမတ ကတော်အဖြစ် သတ်မှတ် ခံနေရသည်။ ထိုဝတ်စုံကို ကျူးဘားဖွား အမေရိကန် ဒီဇိုင်းပညာရှင် အစ္စဘဲလ် တိုလီဒို က တီထွင် ပေးခဲ့ခြင်း ဖြစ်သည်။

နယူးယော့ခ်မြို့ရှိ ဖက်ရှင်နှင့် ဒီဇိုင်းဆိုင်ရာ နည်းပညာ ပြတိုက်မှ ဒုတိယ ဒါရိုက်တာ ပက်ထရစ်ရှာ မီယာစ်က မီရှဲလ်၏ ၀တ်စုံသည် မျက်စိပသာဒ ဖြစ်စေရုံမျှ မက၊ လွတ်လပ်မှုလည်း ရှိကြောင်း မှတ်ချက် ပြုခဲ့သည်။ အစ္စဘဲလ် တိုလီဒိုသည် အမှန်ပင် အရည်အသွေး မြင့်သည့် ဒီဇိုင်နာ တဦးဖြစ်ကြောင်း၊ သူမသည် မီရှဲလ်အတွက် အကောင်းဆုံးနှင့် အလိုက်ဖက်ဆုံး ၀တ်စုံကို ချုပ်လုပ်ပေးခဲ့ သဖြင့် မြင်သူတကာ စိတ်လှုပ်ရှား စေခဲ့ကြောင်း ချီးကျူး သွားခဲ့သည်။ အရောင် ရွေးချယ်မှုနှင့် ပတ်သက်ပြီး အစဉ်အလာ ဖြစ်နေသည့် အနီ နှင့် အပြာရောင် များမှ ခွဲထွက်ပြီး သီးသီးသန့်သန့် ရပ်တည် သွားခဲ့ခြင်းဖြင့် မီရှဲလ်သည် ထိုပွဲကြီးအတွင်း ပိုမို ထင်ရှားနေစေ ခဲ့သည်ဟု ဖက်ရှင် ပညာရှင်များက သုံးသပ်ပြောဆို နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here