Twitter ကို ဗြိတိန်တွင် ပိုမို လူကြိုက်များလာ

alt

Twitter သည် Instant Messaging ၀န်ဆောင်မှုတွင် (၂၀၀၈)ခုနှစ် အတွင်း အလျင်မြန်ဆုံး ဖွံ့ဖြိုး ကြီးထွားလာသည့် ၀ဘ်ဆိုဒ် တခုဖြစ်သည်။

 Hitwise အင်တာနက် သုတေသန အဖွဲ့၏ လေ့လာမှုများ အရ Twitter သည် လွန်ခဲ့သောနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့က ဗြိတိန်တွင် လူသုံးအများဆုံး ၀က်ဘ်ဆိုဒ် စာရင်းအရ အဆင့် (၂၉၅၃)တွင် ရပ်တည် နေခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလ (၁၉)ရက် နေ့တွင် အဆင့် (၂၉၁)နေရာထိ တက်လာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် (၁၂)လတာ အတွင်း Twitterသို့ ၀င်ရောက် ကြည့်ရှုသည့် ဗြိတိသျှလူမျိုး အရေအတွက်မှာ (၉၇၄) ရာခိုင်နှုန်းထိ ထိုးတက် လာခဲ့သည်။ Hitwise ၏ လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဖြစ်သူ ရော်ဘင် ဂုတ်ဒ်က Twitter သည် မိုဘိုင်းလ် ဖုန်းနှင့် အသုံးပြုနိုင်ခြင်း၊ Third-party application တခု ထည့်သွင်းပေးခြင်း အစရှိသော ၀န်ဆောင်မှုများ ထပ်မံ ဖြည့်ဆည်း နိုင်မည်ဆိုလျင် ယခုထက်ပိုပြီး လူသုံးများလာမည်ဟု ခန့်မှန်းထားသည်။ Twitterကို အသုံးပြုသူ များသည် အသက်(၃၅)နှစ်မှ (၄၄)နှစ်ကြား လူလတ်ပိုင်း တို့တွင် အများဆုံးဖြစ်ပြီး ဗြိတိန်တွင် အင်တာနက် အသုံးပြုသူ စုစုပေါင်း၏ (၁၇.၃) ရာခိုင်နှုန်းသည် Twitter တွင် Account ဖွင့်ထားကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here