အော်စကာဆု အတွက် ကိတ်ဝင်းဆလက် ရေပန်းစား

alt

အော်စကာဆု ရရှိမည်ဟု နာမည်စာရင်း တင်သွင်းခြင်း ခံထားရသူများ အနက် မင်းသမီး ကိတ်ဝင်းဆလက် သည် နာမည် အကြီးဆုံး အဖြစ် ထိပ်တန်းမှ ရပ်တည် လျှက်ရှိသည်။

 Titanic ရုပ်ရှင်ဖြင့် နာမည်ကြီး လာသော မင်းသမီးသည် ပြီးခဲ့သော ရွှေကမာ္ဘလုံး ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဆုနှစ်ဆု ရရှိ ခဲ့ပြီးနောက် ကျန်အမျိုးသမီး သရုပ်ဆောင် များထက် အကောင်းဆုံး ဇာတ်ဆောင် မင်းသမီး ဖြစ်လာနိုင်သည်ဟု နာမည်ကြီး လျှက်ရှိနေသည်။ သူမသည် ဒုတိယ ကမာ္ဘစစ်ဖြစ်ချိန် နာဇီခေတ်ဇာတ်ကား The Reader အတွက် အော်စကာ ဆုရလိမ့်မည်ဟု ရုပ်ရှင်လောက လေ့လာ သူများက ခန့်မှန်း ထားကြသည်။

ထို့အပြင် ကျွမ်းကျင်သူများ၏ အဆိုအရ ထိုဇာတ်ကား၏ သဘောမှာ သူမ၏ အရည်အသွေးကို အပြည့်အဝ ဖော်ပြခွင့်ရရန် လမ်းဖွင့် ပေးထားသောကြောင့် ကိတ်ဝင်းဆလက် သည် အကောင်းဆုံး သရုပ်ဆောင် သွားနိုင်ခဲ့ကြောင်း သိရှိရသည်။ ကိတ်ဝင်းဆလက်သည် ရွှေကမာ္ဘလုံးဆုကို The Reader နှင့် Revolutionary Road ဇာတ်ကားများဖြင့် ရရှိခဲ့ပြီး ယခုအခါတွင်လည်း ယခုနှစ် အော်စကာဆု အတွက် ရေပန်း အစားဆုံး အနုပညာရှင်အဖြစ် ရပ်တည်နေပြီး ပရိသတ်များကလည်း သူမပင် ရရှိမည်ဟု ယုံကြည်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here