မြန်မာရှေ့နေ အမျိုးသမီးတဦး ဂျပန်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရ

alt

တိုကျိုခရိုင် တရားရုံးသည် မြန်မာနိုင်ငံမှ အမျိုးသမီး ရှေ့နေတဦးကို ဒုက္ခသည် အဖြစ် ခံယူခွင့် လျှောက်ထားမှုအား တရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 အသက်(၅၀) ကျော်ပြီဖြစ်သည့် အဆိုပါ မြန်မာ အမျိုးသမီးသည် မြန်မာနိုင်ငံ စစ်အစိုးရအား အတိုက်အခံ ပြုပြီး ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် များတွင် တက်ကြွစွာ ပါ၀င် ခဲ့သူဖြစ်သည်။

တရားသူကြီး မာကိုတို ဂျိုဇူကာ က ထို အမျိုးသမီးသည် မြန်မာနိုင်ငံသို့ ပြန်သွား ရမည် ဆိုပါက မြန်မာ အစိုးရက သူမအား အစိုးရ ဆန့်ကျင်သူ အဖြစ် နှစ်ရှည် ထောင်ဒါဏ်များ မတရား ချမှတ်မည်မှာ သေခြာနေကြောင်း ပြောကြားခဲ့သည်။

ထို အမျိုးသမီးသည် (၂၀၀၄) ခုနှစ် ကတည်းက ဂျပန်တွင် တရားမဝင် နေထိုင်လျှက်ရှိပြီး (၂၀၀၇) ခုနှစ် တွင်မူ သူမအား ဖမ်းမိကာ မိခင်တိုင်းပြည်သို့ ပြန်ပို့ရန် ပြင်ဆင်ခဲ့စဉ် ဒုက္ခသည် အဖြစ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ညီမ ဖြစ်သူမှာမူ ဒုက္ခသည် အဖြစ် လျှောက်ထားမှုမှ ငြင်းဆန်ခြင်း ခံခဲ့ရသည်ကို ထပ်လောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here