လေယာဉ်ပျံကို တည်းခိုခန်း အဖြစ် ဖန်တီး

alt

လေယာဉ်ပေါ်တွင် အိပ်စက်ရခြင်းကို မုန်းတီးသည့် ခရီးသည်များအား စွဲဆောင်နိုင်မည့် နည်းလမ်းတခုကို ဆွီဒင်မှ လေယာဉ် ဒီဇိုင်းပညာရှင် အော်စကာ ဒိုင်းယို့စ်က ကြံစည် စဉ်းစားနေသည်။

 ၎င်း ဖန်တီးထားသော 747 ဂျမ်ဘိုဂျက် တည်းခိုခန်းသည် ကမာ္ဘပေါ်တွင် ပထမဆုံးသော လေယာဉ် တည်းခိုဆောင် ဖြစ်လာမည် ဖြစ်ပြီး အိပ်ခန်း (၂၅)ခန်း ပါ၀င်ကာ လူပေါင်း (၂၇)ဦး အထိ တည်းခိုနိုင်မည် ဖြစ်သည်။ စတော့ဟုမ်းလ် မြို့ပြင်ရှိ နိုင်ငံတကာ လေဆိပ်တွင် ထားရှိမည့် တည်းခိုဆောင် လေယာဉ်အား အာလန်ဒါ နိုင်ငံတကာ လေဆိပ်တွင် အမြဲထားရှိ သွားနိုင်ရန် ဒိုင်းယို့စ်က မျှော်လင့်နေပြီး ၎င်းအနေနှင့် နေအိမ် အဆောက်အအုံများတွင် တည်းခိုခန်းများ ဖွင့်လှစ်နေသည်ကို တွေ့မြင်ပြီးနောက် လေယာဉ်တစင်း တွင်လည်း အဘယ်ကြောင့် တည်းခိုခန်း မဖွင့်နိုင် ရမည်နည်းဟု တွေးမိသဖြင့် စိတ်ကူးအတိုင်း အကောင် အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

တည်းခိုခန်း တည်ဆောက်ရာတွင် နေရာ အလေအလွင့် မရှိစေရန် သတိထားရခြင်းသည် ၎င်းအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ကြောင်း ဒိုင်းယို့စ်က ရှင်းပြခဲ့သည်။ ထိုလေယာဉ်ကြီးသည် မူလက စင်္ကာပူလေကြောင်းလိုင်းပိုင် ဖြစ်ခဲ့ပြီးနောက် (၂၀၀၂)ခုနှစ်မှ စကာ ပျံသန်းမှု ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့သော လေယာဉ်ဖြစ်သည်။ လေဆိပ်ပြင်ပတွင် ထားရှိမည့် ထိုလေယာဉ် ဟိုတယ်တွင် အခန်းတခန်းလျှင် တစ်နေ့တာ အတွက် (၆၃) ဒေါ်လာဖြင့် ငှားရမ်း တည်းခိုနိုင်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here