မြန်မာနိုင်ငံ တောင်ပေါ်ဒေသ အချို့၌ အပူချိန် ရေခဲမှတ်အထိ ကျဆင်း

alt

မြန်မာနိုင်ငံ အနောက်ဘက်နှင့် အရှေ့ဘက်ရှိ တောင်ပေါ် ဒေသများတွင် အပူချိန်မှာ ရေခဲမှတ်အထိ ကျဆင်း လာနေကြောင်း သိရှိရသည်။

 အိမ်နီးချင်း နိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေသော ကုန်းမြင့်ဒေသ များတွင် ကြမ်းတမ်းသော ဆောင်းရာသီ၏ ဒါဏ်ကို အလူးအလဲ ခံစားနေကြရပြီး ချင်းပြည်နယ်ရှိ အချို့သော ဒေသများတွင် ရေခဲ အမှတ်အောက်ထိပင် အပူချိန် ထိုးဆင်းခဲ့ကြောင်း သိရှိရသည်။ ချင်းပြည်နယ် မြို့တော် ဟားခါးတွင်မူ ဇန်နဝါရီလ (၁၈)ရက်နေ့က (-၂)ဒီဂရီ စင်တီဂရိတ်ထိ ထိုးကျသွားခဲ့ပြီး အဆိုပါ ရာသီဥတု ကြမ်းတမ်းမှု များကြောင့် ထိုဒေသများတွင် စစ်အစိုးရက ဖမ်းဆီး ထောင်ချထားသည့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေအတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက စိုးရိမ်နေကြသည်။

အထူးသဖြင့် ညအပူချိန် ဆိုးဆိုးရွားရွား ကျဆင်းလာနေမှုသည် ချင်း၊ ရှမ်း၊ ကချင်နှင့် ကရင်ပြည်နယ်များအတွင်း ပေါ်ပေါက်လျက်ရှိရာ နိုင်ငံရေး အကျဉ်းသားများ အနေနှင့် အစိုးရ အကျဉ်းထောင်များအတွင်း အအေးဒါဏ်ကို အလူးအလဲ ခံစား နေရဖွယ်ရှိသည်။ အဆိုပါ တောင်ပေါ်ဒေသများတွင် နေထိုင်သည့် ဒေသခံများသည် အလွန်အေးသောကြောင့် မီးလှုံမှုများ ပြုလုပ် နေရသည့်တိုင် နိုင်ငံရေး အကျဉ်းသားများမှာမူ ထိုသို့သော အခွင့်အရေးမျိုး ရရှိနိုင်ဖွယ် မရှိဘဲ အဝတ်အစား မလုံလောက်မှုကြောင့် အလွန်ဆိုးရွားသည့် ရာသီဥတု အေးခဲမှုကို အလူးအလိမ့် ခံစားရဖွယ် ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here