ဆွီဒင် ရဲများကို File Sharing ဆိုင်ရာ ဥပဒေလုပ်ပိုင်ခွင့်များ ပိုမိုပေးရန်စဉ်းစား

alt

ဆွီဒင် အစိုးရသည် နိုင်ငံတွင်းရှိ ရဲများကို File Sharing နှင့် ပတ်သက်သော ဥပဒေပြု လုပ်ရပ်များ စစ်ဆေးရာ တွင် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အခွင့် အာဏာများ တိုးမြှင့် ပေးသွားရန် စဉ်းစား လျှက် ရှိသည်။

 လက်ရှိ အချိန်တွင် ရဲများ အနေနှင့် မူပိုင်ခွင့် ဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှု များ အတွက် သတင်း အချက်အလက် များသာ ရရှိ နိုင်ပြီး အင်တာနက် မှ တဆင့် မူပိုင်ခွင့် ဥပဒေ ချိုးဖောက် မှု များ ဖြစ်ပေါ် ပြီးမှ လိုက်လံ ဖမ်းဆီးမှု ပြုလုပ် နိုင် ကြသည်။

ထိုအခြေအနေ အတွက် ရဲများအား မသင်္ကာ သည့် အခြေအနေတွင် လွတ်လပ်စွာ ၀င်ရောက် စစ်ဆေးခွင့် ပြုသွား နိုင်ရန် အစိုးရက ပြင်ဆင်လျက် ရှိသည်။ မူပိုင်ခွင့် ရာဇဝတ်မှု များ မပေါ်ပေါက် မီ ကတည်းက ရဲအရာရှိ များ အနေနှင့် စိတ်ကြိုက် ခြေရာခံ စစ်ဆေးမှု များ ပြုလုပ် နိုင်ခဲ့လျင် ကြိုတင် တားဆီးမှုများ ပြုလုပ် နိုင်ဖွယ် ရှိသောကြောင့် ရဲများ ကို လုပ်ပိုင်ခွင့် ပိုမို ပေးအပ်ရန် အစိုးရ က ချိန်ဆ စဉ်းစား လျက် ရှိသည်။ ယခုအခါတွင် တရားရေး ၀န်ကြီး ဌာနက ထိုကိစ္စ နှင့် ပတ်သတ်ပြီး တရားဥပဒေ တရပ် ပြဌာန်းသွားရန် လွှတ်တော်သို့ အဆို တင်သွင်းရေး စတင် ပြင်ဆင် နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here