ဥရောပတွင် ပြန်လည် ပူနွေး လာဖွယ်ရှိ

alt

ဥရောပတွင် အေးမြသော ရာသီဥတုကို ခံစား နေရသော်လည်း မြူနှင်းများ ပေါ်ထွန်းလာမှု နှင့်အတူ တဖြည်းဖြည်း ပြန်လည် ပူနွေး လာတော့မည်ဟု သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်။

 လွန်ခဲ့သော နှစ်ပေါင်း(၃၀)ကျော်က အလားတူ အပူချိန် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အနွေးဓာတ် ပြန်လည် ရရှိလာကြောင်း သုတေသီများက ဆိုသည်။ ဥရောပ၏ လေထုတခုလုံး ပူနွေးလာချိန်တွင် ကမာ္ဘကြီးအနေနှင့် အပူချိန် ပိုမိုမြင့်မား လာမည် ဟုလည်း Natural သိပ္ပံမဂ္ဂဇင်း တွင် ရေးသားထားသည်။

ရောဘတ်ဗားတက်ဒ် ဦးဆောင်သော သုတေသနအဖွဲ့သည် အက်တမ် စွမ်းအင်ထုတ်မှု ဖြစ်စဉ်များကို လေ့လာပြီးနောက် မြူခိုးများ မှိုင်းလာမှုသည် ရာသီဥတု ပိုမိုပူနွေးလာခြင်း၏ နိမိတ်ပုံ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် သုတေသန လုပ်ငန်းများကို ပြင်သစ်နိုင်ငံအတွင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်တွင် ရေခဲမှတ်အောက် (၁၈) ဒီဂရီ စင်တီဂရိတ်ထိ အပူချိန် ကျဆင်း နေကြောင်း၊ ထိုအခြေအနေ လွန်မြောက်သည်နှင့် ကမာ္ဘ့အပူချိန်သည် တဖြည်းဖြည်းချင်း ထိုးတက် လာမည်ဖြစ်ကြောင်း ဗားတက်ဒ် ကဆိုသည်။ (၁၉၇၀) ပြည့်လွန်နှစ်များ အတွင်းက ထိုသို့ ဖြစ်ခဲ့ပြီးနောက် ဥရောပဒေသ အပူချိန်သည် ဆယ်စုနှစ်တခုလျှင် (၀.၅) ဒီဂရီ စင်တီဂရိတ်မျှ တရိပ်ရိပ် မြင့်တက် လာခဲ့သည်ဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here