ကွန်ပြူတာ ဟက်ကာ ဂယ်ရီ မက်ကင်နွန်အား လွှဲပြောင်းပေးရန် မလွယ်ဟု ဗြိတိန် ပြောကြား

alt

အမေရိကန်နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ လုံခြံုရေး ကွန်ယက်များနှင့် နာဆာ၏ အင်တာနက် ကွန်ယက်ဆာဗာများ အတွင်း ထိုးဖောက် ၀င်ရောက်ခဲ့သည်ဟု စွပ်စွဲခံထားရသော အင်္ဂလန်နိုင်ငံသား Hacker ဂယ်ရီ မက်ကင်နွန်အား

အမေရိကန် ပြည်ထောင်စုက အလိုရှိနေသော်လည်း ၎င်းသည် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေပြီး အမေရိကန်သို့ လွှဲပြောင်းပေးပါက ကိုယ့်ကိုယ်ကို သတ်သေမှုပင် ပြုလုပ်နိုင်ကြောင်း ဗြိတိန်တရားရုံးက သတိပေးခဲ့သည်။

ဗြိတိန်နိုင်ငံသား အသက်(၄၂) နှစ်ရှိ မက်ကင်နွန်သည် အပြစ်ရှိကြောင်း ထင်ရှားခဲ့ပါက ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည်ဖြစ်ပြီး အမေရိကန်က ၎င်းသည် စက်တင်ဘာ (၁၁) ရက်နေ့ တိုက်ခိုက်မှု ကြီး အတွက် အထောက် အထားများ ကို ကွန်ယက် အတွင်းမှ ခိုးယူ သွားကြောင်း စွပ်စွဲ ထားသည်။ သို့သော်လည်း မက်ကန်နွန်၏ အပေါင်းအသင်းများက ၎င်းတို့၏ သူငယ်ချင်းတွင် အပြစ်မရှိဟု ယုံကြည်ထားကြောင်း ခိုင်ခိုင်မာမာ ထွက်ဆို ခဲ့ကြသည်။ ယခုအခါ တွင် လန်ဒန် ဗဟို တရားရုံးက မက်ကန်နွန် ၏ ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများ၏ အစီရင်ခံစာကို လက်ခံရယူပြီးနောက် Hacker ဖြစ်သူအား အမေရိကန်သို့ လွှဲပြောင်းပေးရန် သင့်မသင့်ကို ချိန်ဆနေရပြီဖြစ်သည်။

မက်ကန်နွန်သည် ယခုအခါတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ကြံုတွေ့နေရပြီး ၎င်းကိုသာ အမေရိကန်သို့ ပို့ဆောင်ခဲ့ပါက သေကြောင်းကြံမည့် အလားအလာ အလွန်များပြားကြောင်း ဆရာဝန်များက တရားရုံးသို့ တင်ပြထားပြီးနောက် အမှုကို ဗြိတိန်တွင်ပင် ဆက်လက် စစ်ဆေးဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here