Brit Award ဆုပေးပွဲတွင် ကိုင်လီမိုင်းနော့ တင်ဆက်သူ အဖြစ်ဆောင်ရွက်မည်

alt

နာမည်ကြီး အဆိုတော် ကိုင်လီမိုင်းနော့သည် Brit Award ဆုပေးပွဲ အတွက် Presenter အဖြစ် ဆောင်ရွက်ပေးရန် ရွေးချယ်ခံ ရကြောင်း သိရှိရသည်။

 

သူမနှင့်အတူ ဂျိမ်းစ်ကော်ဒန် နှင့် မတ်သရူးဟော်နီ တို့လည်း Presenter များအဖြစ် ပါ၀င်မည် ဖြစ်သည်။ အသက်(၄၀)အရွယ်ရှိ မိုင်းနော့ Presenterလုပ်မည့် အဆိုပါ ဆုပေးပွဲတွင် Girls Aloud၊ Kings of Leon၊ Duffyနှင့် Pet Shop Boysစသည့် နာမည်ကျော်များ တက်ရောက်မည်ဟု သိရသည်။ ထိုပွဲတွင် U2 အဖွဲ့လည်း ဆုချီးမြှင့်ခြင်း ခံရမည်ဖြစ်ပြီး ထိုပွဲတော်ကို လန်ဒန်မြို့ရှိ Earls Court တွင် ဖေဖော်ဝါရီလ (၁၈)ရက်နေ့၌ ကျင်းပ သွားမည်ဟု သိရသည်။

ထိုပွဲတော်အတွင်း အမည်စာရင်း တင်သွင်း ခံထားရသူများ အားလုံးကို ဖိတ်ကြားထားပြီး မကြာမီတွင် ဆုများကို ကြေငြာသွားရန် ပြင်ဆင်ထားကြောင်း Brit Awardရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဂတ်ဒိုဟာတီက ပြောကြားခဲ့ပြီး ကိုင်လီမိုင်းနော့ ကိုယ်တိုင် Presenterအဖြစ် ကူညီ ပါ၀င်ခဲ့ခြင်းကြောင့် ပရိသတ်အတွက် ပျော်ရွှင်မှု ပိုမိုရရှိနိုင်မည်ဟု ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here