ထိုင်းဘုရင်ကို ဝေဖန်မှုကြောင့် စာရေးဆရာအား ထောင်ဒါဏ်ချမှတ်

alt

ဩစတြေးလျ စာရေးဆရာ တဦးကို ထိုင်းဘုရင် မင်းမြတ်အား ဝေဖန်မှုဖြင့် ထိုင်းတရားရုံး တခုက ထောက်ဒဏ် (၃)နှစ် ချမှတ် လိုက်သည်။

 အသက်(၄၁)နှစ်ရှိ ဟယ်ရီ နစ်ကိုလိုင်းဒက်စ်သည် ထိုင်းတော်ဝင် မိသားစုကို ပုတ်ခတ်ခြင်း မပြုရဆိုသည့် နိုင်ငံတော် စည်းမျဉ်းကို ဖောက်ဖျက်ခဲ့ကြောင်း ထိုင်းတရားရုံး အာဏာပိုင်များက စွပ်စွဲခဲ့သည်။ ၎င်းသည် ထိုင်းနိုင်ငံ ဘုရင်စနစ်အား Verisimilitude ဟူသော အသုံးအနှုန်းဖြင့် (၂၀၀၅)ခုနှစ်၊ ဩဂုတ်လအတွင်းက ထုတ်ဝေခဲ့သော စာအုပ် အမည်တပ်ကာ စော်ကား ရေးသားခဲ့ကြောင်း တရားရုံးက ကြေငြာခဲ့သည်။ နစ်ကိုလိုင်းဒက်စ်က ဖြစ်နေသော အခြေအနေများအတွက် နားမလည်နိုင်ကြောင်း ပြောကြားသွားသည်။

တရားရုံးက ယခု ဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် တော်ဝင်မိသားစုမှ တစုံတရာ ဖိအားပေး စွက်ဖက်မှု မရှိကြောင်း ကြေငြာခဲ့သည်။ နစ်ကိုလိုင်းဒက်စ် ထုတ်ဝေခဲ့သော စာအုပ်သည် အုပ်ရေ(၅၀)သာ ထုတ်ဝေပြီး (၇)အုပ်မျှသာ ရောင်းချခဲ့ရသည်။ ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်နှင့် တော်ဝင်မိသားစုကို စော်ကားပုတ်ခတ်မှုသည် အကြီးလေးဆုံး ပြစ်မှုတစ်ခုအဖြစ် ယူဆထားပြီး ပြင်းထန်စွာ အရေးယူတတ်သည့် အစဉ်အလာမှာ ယခုတိုင် တည်မြဲ နေဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here