ဇီဝ နည်းပညာသုံး လက်အတု အောင်မြင်စွာ တပ်ဆင်နိုင်

alt

ဇီဝ နည်းပညာသုံး ပေါင်စတာလင် (၁၀၀၀၀)တန် လက်တုတခုကို ဗြိတိန်ရှိ ကျောင်းသားတဦးအား တပ်ဆင် ပေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

 အသက် (၁၉)နှစ် အရွယ် အီဗန်ရေးနိုးသည် (၂၀၀၆) ခုနှစ်၊ မတော်တဆမှု တခုအတွင်း ဘယ်ဖက်လက် ပြတ်သွားခဲ့ပြီး ယခုအခါတွင် ၎င်း၏ လက်တုနှင့် အဆင်ပြေနေပြီဟု ပြောကြားခဲ့သည်။ ၎င်းသည် ဗြိတိန်တွင် ဒုတိယမြောက် ဇီဝလက်တု တပ်ဆင် အသုံးပြုခွင့် ရခဲ့သည့် လူနာလည်းဖြစ်သည်။ နည်းပညာသစ်များ အသုံးပြုထားသည့် ထိုလက်တုကြောင့် ရေးနိုးသည် လက်တုမှ လက်ချောင်း ကလေးများ လှုပ်ရှားနိုင်အောင်ပင် စိတ်တိုင်းကျ ပြုလုပ်နိုင်ခဲ့သည်။ ရေးနိုးက ကားတိုက်မှုတစ်ခုအတွင်း လက်ပြတ်သွားပြီးနောက် သူ့အနေနှင့် စိတ်ဓာတ်ကျခဲ့ကြောင်း ၀န်ခံခဲ့ပြီး လက်တုကြောင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားသကဲ့သို့ ခံစားခဲ့ရကြောင်း ပြောကြားသွားသည်။

လက်တုကို တပ်ဆင်ရသည်မှာ အဆင်ပြေပြီး တမိနစ်အတွင်း ဖြုတ်နိုင်၊ တပ်နိုင်ပြီဟု ရေးနိုးကဆိုသည်။ ယခုအခါတွင် သူ့အနေနှင့် လက်တုကိုအသုံးပြုပြီး အာလူး အခွံနွှာခြင်း၊ ပုလင်းတစ်လုံးကို ပစ်မြှောက် ဆော့ကစားခြင်း၊ ဘောလုံးကို ဖမ်းယူခြင်း စသည်တို့ လုပ်နိုင်ပြီဟု ရေးနိုးက ဆိုသည်။ အဆိုပါ ဇီဝနည်းပညာအသုံးပြု လက်တုများ ထုတ်လုပ်နိုင်ရန် နှစ်(၂၀)မျှ သုတေသန ပြုလုပ်ခဲ့ရပြီး ထိုလက်တုများသည် သဘာဝလက်အတိုင်း အသုံးပြုနိုင်ကာ လက်ချောင်းကလေး တချောင်းစီကိုပင် စိတ်တိုင်းကျ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here