Conficker Worm ကြောင့် ပျက်စီးမှုများပြား

alt

Windows OS များကို အဓိကထား တိုက်ခိုက်တတ်သည့် Conficker နှင့် Kido ဟူသော အမည် များဖြင့် လူသိများ နေသော ကွန်ပျူတာ ဗိုင်းရပ်စ် တမျိုး၏ ပြန့်နှံ့ မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့သည့် ကွန်ပျူတာ အရေ အတွက်သည် တကမာ္ဘလုံး အတိုင်း အတာဖြင့် (၉) သန်း ကျော်သွားပြီဟု သိရှိ ရသည်။

 ဖင်လန်နိုင်ငံရှိ F –Secure သည် အဆိုပါ ဗိုင်းရပ်စ် ပြန့်နှံ့လာမှု အလွန် မြန်ဆန်ခြင်းကို သတိပေး ထားပြီး ကွန်ပျူတာ တိုင်းသည် Antivirus Software နောက်ဆုံးပေါ် Version များ တပ်ဆင်ထား သင့်သည်ဟု နှိုးဆော် တိုက်တွန်း ထားသည်။ ထို ဗိုင်းရပ်စ်သည် ယူကရိန်းမှ စတင် လာသည့် အခြေအနေများ တွေ့ရပြီး W32 အနွယ်ဝင် Conficker ကြောင့် အသေးစား စီးပွားရေး လုပ်ငန်းများရှိ လုံခြံုရေး အားနည်းသော ကွန်ပျူတာများတွင် အဆိုးဆုံး ထိခိုက်လေ့ ရှိကြောင်း F -Secureက ကြေငြာခဲ့သည်။

Conficker သည် Network စနစ်များ၏ အားပျော့မှုမှ တဆင့် ထိုးဖောက် ၀င်ရောက်ပြီး Windows ၏ စနစ်များ အားလုံးကို ချုပ်ထားလိုက်သလို အရေးပါသော exe fileများ မ Run နိုင်အောင် တွယ်ကပ် နေလေ့ရှိသည်။ F -Secureက Conficker ကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည့် ကွန်ပျူတာ အရေအတွက်သည် ယခုထက်ပိုပြီး တိုးပွား လာနိုင်သေးသည်ဟု ထုတ်ဖော် ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here